၂ဝ၁၁ ကမ္ဘာ့ဆန်ထုတ်လုပ်မှု တန်ချိန် ၄၇၆ သန်းအထိ ရောက်ရှိနိုင်
၂ဝ၁၁ ကမ္ဘာ့ဆန်ထုတ်လုပ်မှု တန်ချိန် ၄၇၆ သန်းအထိ ရောက်ရှိနိုင် ဇွန်လမှာ လာနီညာရာသီဥတု လွှမ်းမိုးမှု ပုံမှန်အနေအထားပြန်ရောက်လာတာကြောင့် ရာသီဥတု အခြေအနေ ကောင်းမွန်လာတဲ့အတွက် ၂ဝ၁၁ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၄၇၆ သန်းအထိ ရှိနိုင်တယ်လို့ FAO ကဆိုပါတယ်။ အာရှဟာ ကမ္ဘာ့ဦးဆောင်ဆန်ထုတ်လုပ်တဲ့ ဒေသဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှု ပြန်ကောင်းမွန်လာခြင်းက ကမ္ဘာ့ဆန်ထွက်ရှိမှုကို ထူးထူးခြားခြားမြှင့်တင်ပေးနေပါတယ်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ ၂ဝ၁ဝ ခုနှစ်မှာ စံချိန်သစ်တင်ခဲ့ရာ ၂ဝဝ၉ ခုနှစ်ထက် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး ဆန်တန်ချိန် ၄၆၄ သန်း (စပါးတန်ချိန် ၆၉၆ သန်း) အထိ စံချိန်သစ်တင်ခဲ့တယ်လို FAO က ဆိုပါတယ်။ ရာသီဥတုပြန်လည် ကောင်းမွန်လာတာကြောင့် ၂ဝ၁၁ ခုနှစ်မှာ ယခင်နှစ်ထက် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ပြီး၊ ကန်ဒေါ်လာ ၄၇၆ သန်း၊ (စပါးတန်ချိန် ၇၁၃ သန်း) အထိ တိုးခဲျ့ထုတ်လုပ်နိုင်လိမ့်မယ်လို့လည်း ၤဗဥ က ဆိုပါတယ်။ အာရှအနေနဲ့ တရုတ်နဲ့ အိန္ဒိယတို့က ဆန်ထုတ်လုပ်မှုသိသိသာသာ တိုးတက်ပြီး ပါကစ္စတန်ကလည်း ပြန်လည်ထုတ်လုပ်လာနိုင်တာကြောင့် ယခင်နှစ်ထက် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ပြီး စပါးတန်ချိန် ၆၄၅ သန်း (ညီမျှဆန်တန်ချိန် ၄၃ဝ သန်း)ထိ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ တတိယအကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ အတွင်း ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၉၄ ဒသမ ၁၁ သန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော်လည်း သီရိလင်္ကာမှာ ရေလွှမ်းမိုးမှုကြောင့် စပါးအထွက်ထိခိုက်ပြီး ဂျပန်နိုင်ငံမှာလည်း နျူကလီးယားစက်ရုံ ယိုစိမ့်မှုကြောင့် ဆန်အထွက် ထိခိုက်နိုင်တယ်လို့ FAO က ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်တွေကြောင့် ၂ဝ၁၁ ခုနှစ် စပါးစိုက်ပျိုးနိုင်တဲ့ ဧရိယာဟက်တာ ၄၃ဝဝဝ ခန့် လျော့ကျခဲ့ပြီး စပါးတန်ချိန် ၃ သန်းခန့် လျော့ကျမယ်လို့ FAO က ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံရဲ့ စပါးထုတ်လုပ်မှုဟာ ၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ဝ ဒသမ ၃ သန်းသာထွက်ရှိမယ်လို့ ဆိုပါတယ်။ အာဖရိကရဲ့ ၂ဝ၁၁ ဆန်ထုတ်လုပ်မှုဟာ အနောက်အာဖရိက တိုးတက်ပေမဲ့ အီဂျစ်နဲ့ မဒက်စကာတို့မှာ ထုတ်လုပ်မှု လျော့ကျမှာဖြစ်လို့ ၂ဝ၁ဝ ခုနှစ် ပမာဏနီးပါးထွက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ လက်တင် အမေရိကားနှင့် ကာရေဘီယံတွင်း စပါးထုတ်လုပ်မှုဟာ ယခင်နှစ်က လျော့ကျခဲ့ရာမှ ၂ဝ၁၁ မှာ ပြန်လည်ကောင်းမွန် လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုဂွေးနဲ့ ဗင်နီဇွဲလားနိုင်ငံတို့က ၂ဝ၁၁ အတွင်း စပါးအထွက်ပြန်လည်ကောင်းမွန်လာဖွယ်ရှိတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။ လဝန်း၊Source: riceonline
