အိန္ဒိယကုလားပဲဈေး လက်ရှိဈေးမှာ ခိုင်မာနေ

အိန္ဒိယကုလားပဲဈေး လက်ရှိဈေးမှာ ခိုင်မာနေ                          အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်တွေမှာ ကုလားပဲဝယ်လိုအားရှိ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း လက်ရှိဈေးနဲ့ ခိုင်မာနေပါတယ်။ ယခုလအတွင်း ဝယ်လိုအားဆက်လက်ခိုင်မာဖွယ်ရှိတာကြောင့် လှောင်လက်များ သိုလှောင်ပဲတွေကို ဆက်ထိန်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိုးပဲမျိုးစုံ ထွက်ရှိမှု အလားအလာကောင်းခြင်းနဲ့အတူ လှောင်လက်များ လက်ကျန်ရှင်းထုတ်ပါက လာမယ့်ရက်တွေမှာ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲ အထွက် ရာသီဥတုကောင်းမွန်နေပေမဲ့ ကနေဒါနဲ့ အမေရိကန်မှာတော့ စိုက်ဧရိယာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း ကုလားပဲ ဈေး လက်ရှိဈေးဝန်းကျင်မှာပဲ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                  ဒေါ်လာ/ တန်                      ၃ဝ-၆-၁၁         ၂၉-၆-၁၁        ၂၈-၆-၁၁             ၂၇-၆-၁၁မွန်ဘိုင်း          ၅၃၁-၅၃၇        ၅၂၃-၅၂၈       ၅၂၇-၅၂၈             ၅၂၇-၅၃၂ဒေလီ             ၅၉၃-၅၉၈         ၅၈၄-၅၉ဝ       ၅၈၃-၅၈၈             ၅၈၂-၅၈၈ကန်ပါ               ၆၄ဝ                 ၆၃၂               ၆၃၅                     ၆၃၄MIRT(MAPT)