ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အောက်နတ်ချောင်း တံတား ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အောက်နတ်ချောင်း တံတား ဖွင့်လှစ်                ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်- အမာလမ်းပေါ်တွင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ တံတားဆောက်လုပ်ရေး အထူးအဖွဲ့ ၃ မှ ဆောက်လုပ်သော အောက်နတ်ချောင်းတံတားကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ တံတားကြီးမတည်ဆောက်ခင်က အောက်နတ်ချောင်း ကို ဖြတ်သန်းသွားလာရာတွင် ဒီရေအတက်အကျရှိတာကြောင့် အန္တရာယ်ရှိပြီး အချိန်မရွေး အသုံးပြု၍မရကြောင်း သိရပါတယ်။               ယခုအခါ ကုန်းလမ်းမှ ရာသီမရွေးသွားလာနိုင်ပြီး ဒေသထွက်ကုန်များကို အခြားတိုင်းဒေသကြီးများသို့လည်း ပိုမိုလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်မှာ ဆောင်ရွက်ပြီး စီးခဲ့သော တံတားအမှတ် ၃ ဖြစ်တဲ့ အောက်နတ်ချောင်းတံတားအမိုျးအစားမှာ သံကူကွန်ကရစ်၊ လွန်တူး၊ ဘိုးပိုင်၊ အုတ်မြစ်အမျိုးအစားဖြစ်ပြီး ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတို့ကို အသုံးပြုလျက် တံတားအရှည် ၄၆၆ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေခွဲရှိကာ ယာဉ်တစ်စီးချင်း ခွင်ြ့ပုတန်ချိန်မှာ (ယာဉ်+ ကုန်) ၁၃ တန်ဖြစ်ကြောင်း သိရပါတယ်။ မင်းမင်းဦး