အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်သို့ ပေါင်းဆန်တန်ချိန် ၂ဝဝဝဝဝ ကို တစ်တန်လျှင် ကန်ဒေါ်လာ ၅၄၇ (C&F) နှုန်းဖြင့် တင်ပို့ရန် ကမ်းလှမ်းထား

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်သို့ ပေါင်းဆန်တန်ချိန် ၂ဝဝဝဝဝ ကို တစ်တန်လျှင် ကန်ဒေါ်လာ ၅၄၇ (C&F) နှုန်းဖြင့် တင်ပို့ရန် ကမ်းလှမ်းထား               ကမ္ဘာမှာ ဒုတိယမြောက် ဂံျုနဲ့ ဆန်ထုတ်လုပ်မှုအများဆုံး အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပေါင်းဆန်တန်ချိန် ၂ဝဝဝဝဝ ကို တစ်တန်ကို ကန်ဒေါ်လာ ၅၄၇(C&F)  နှုန်းနဲ့ တင်ပို့ဖို့ ကမ်းလှမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ်သီးနံှဝယ်ယူရေးဌာန ညွှန်ကြားရေးမှူးချုပ်  Ahmed Hossain Khan  က ပြောကြားပါတယ်။              အိန္ဒိယက ၂ဝဝ၇ ခုနှစ်မှစပြီး ပြည်ပကို ဂံျုနဲ့ ဆန်တင်ပို့မှု ပိတ်ပင်ထားသော်လည်း ၂ဝ၁ဝ ခုနှစ် ၊ သြဂုတ်လမှစပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကို ဂံျုတန်ချိန် ၂ သိန်းနဲ့ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် ၃ သိန်းကို တင်ပို့ခွင့်ပြုထားခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်က တစ်နှစ်ကို ပျမ်းမျှဆန်တန်ချိန် ၃၃ သန်း ထုတ်လုပ်နိုင်ပြီး ကမ္ဘာမှာ စတုတ္ထမြောက် ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေမှစပြီး ကမ္ဘာမှာ ဆန်အဓိကတင်သွင်းတဲ့ နိုင်ငံအဖြစ် ရပ်တည် လာခဲ့တယ်။ ၂ဝ၁၁ ခုနှစ် ၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဆန်နဲ့ ဂျုံတန်ချိန် ၅ ဒသမ ၅ သန်းကို စံချိန်တင် တင်သွင်းခဲ့ရ ကြောင်း ၊ ဇူလိုင်လ ၁ ရက်နေ့မှာ စတင်မဲ့ ဘဏ္ဍာ နှစ်အသစ် အတွင်း ဆန်တင်သွင်းမှုကျဆင်းဖွယ်ရှိကြောင်း ၊ ဘင်္ဂလား ဒေ့ရှ်ရဲ့ ဆန်ဝယ်လိုအားပမာဏက အာရှဆန်ဈေး အပြောင်း အလဲမှာ ထည့်သွင်းစဉ်းစားစရာအဖြစ် ရပ်တည်လာကြောင်း သိရပါတယ်။ ပပ၊ Source:dailytimes.com