ပုသိမ်-ရန်ကုန်-နေပြည်တော် မော်တော်ယာဉ်လိုင်းသစ် တိုးခဲျ့ပြေးဆွဲ
ပုသိမ်-ရန်ကုန်-နေပြည်တော် မော်တော်ယာဉ်လိုင်းသစ် တိုးခဲျ့ပြေးဆွဲ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ နေပြည်တော်သို့သွားရင် ယခင်က ရန်ကုန်ကတစ်ဆင့် မော်တော်ကား၊ ရထားများနဲ့ သွားလာရပါတယ်။ ယခုအခါ ထက်ဦး Express aircon Bus လေအိပ်ကားများဖြင့် ပုသိမ်-ရန်ကုန်-နေပြည်တော် တိုက်ရိုက်ခရီးစဉ်ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ ယာဉ်စီးခနှုန်းမှာ တစ်ဦးကို ၉၅ဝဝ ကျပ်ဖြင့် ပုသိမ်မြို့မှ နေ့စဉ် နံနက် ၉း၃ဝနာရီထွက်ပြီး နေပြည်တော်မှ ပုသိမ်သို့ ည ၉း၃ဝ နာရီပြန်လည်ထွက်ရှိကြောင်း သိရပါတယ်။ ပုသိမ်မြို့ ရွှေစေတီလမ်းနှင့် ကင်မလင်းကျွန်း အဝေးပြေးကားဂိတ်ဝင်းအတွင်း ကားလက်မှတ်များ ရောင်းချလျက်ရှိပြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ခရီးသွားများအနေဖြင့်လည်း အချိန်ကုန်သက်သာ၍ နေပြည်တော်သို့ အဆင်ပြေစွာ တိုက်ရိုက်သွားလာနိုင်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ နေပြည်တော်သို့ သွားရောက်မယ့်ခရီးသည်များ အဆင်ပြေစေရန်အတွက်လည်း ရန်ကုန်၊ လှိုင်သာယာ၊ အဝေးပြေးကားဂိတ်အတွင်း နေပြည်တော်သွား ခရီးသည်များကို ဝင်ရောက်ခေါ်ယူပြီး ပုသိမ်- ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို နေ့စဉ် ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး
