ကမ္ဘောဒီးယားနိုင်ငံ ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်ဖို့ ABD က ကန်ဒေါ်လာ သန်း ၅ဝဝ ထုတ်ချေး

ကမ္ဘောဒီးယားနိုင်ငံ ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်ဖို့ ABD က ကန်ဒေါ်လာ သန်း ၅ဝဝ ထုတ်ချေး              ကမ္ဘောဒီးယားနိုင်ငံဟာ ၂ဝ၁၅ ခုနှစ်မှာ ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်ဖို့ရည်ရွယ်ပြီး စိုက်ပိုျးရေးဆိုင်ရာနဲ့ ဆည် မြောင်း စနစ်ဖွံ့ဖြိုးတိုးတက်စေဖို့ အာရှဖွံ့ဖြိုးမှုဘဏ်(ABD) မှ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို ကန် ဒေါ်လာသန်း ၅ဝဝ ထုတ်ချေးခဲ့တယ်လို့သိရပါတယ်။ ထိုင်း ဆန်တင်ပို့သူများအသင်းကိုယ်စားလှယ်များဟာ ဧပြီလ အတွင်း ကမ္ဘောဒီးယားသို့သွားရောက်ပြီး ကမ္ဘောဒီးယားစပါး များ ထိုင်းနိုင်ငံမှတစ်ဆင့်ကြိတ်ခွဲပြီး၊ ပြည်ပတင်ပို့ဖို့လုပ်ငန်း စဉ်များ ဘယ်လိုတိုးတက်အောင် ဆောင်ရွက်နိုင်မလဲဆိုတာ ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။              ကမ္ဘောဒီးယားက လက်ရှိတစ်နှစ်ကို ဆန်တန်ချိန် ၂ဝဝဝဝ ခန့် တင်ပို့တယ်လို့ အစိုးရစာရင်းများမှာ ဖော်ပြထား ပေမဲ့ အများစုမှာ ဗီယက်နမ်ကတစ်ဆင့်တင်ပို့လို့ ပြည်ပ တင်ပို့မှု ပမာဏ ပိုမိုများပြားတယ်လို့ ဒေသတွင်း ကုန်သည် များကဆိုပါတယ်။ ကမ္ဘောဒီးယားစပါးဈေးဟာ ထိုင်းနဲ့ ဗီယက်နမ်ဈေးနဲ့ယှဉ်ရင်တော်တော် ဈေးသက်သာ တယ်လို့ ဆိုပါတယ်။ လမင်း၊Source: oryza.com