ထိုင်းဆန်ဈေး မြင့်မားလာခြင်းက ဗီယက်နမ်ဆန်တင်ပို့မှု ပမာဏကို ပိုမိုမြင့်မားစေ

ထိုင်းဆန်ဈေး မြင့်မားလာခြင်းက ဗီယက်နမ်ဆန်တင်ပို့မှု ပမာဏကို ပိုမိုမြင့်မားစေ                  ထိုင်းနိုင်ငံ အစိုးရသစ်ရဲ့ ပြည်တွင်းဆန်စပါးတွေ ဈေးမြှင့်ပေးဝယ်ယူမဲ့စနစ်ကြောင့် ထိုင်းဆန် ပြည်ပ တင်ပို့ တဲ့ ဈေးနှုန်းတွေ မြင့်မားလာခြင်းက ပြည်ပမှ ဆန်ဝယ်ယူသူတွေကို ထိုင်းဆန်အစား ဈေးနှုန်းပိုမိုသက်သာတဲ့ ဗီယက်နမ်ဆန်ကို ဝယ်လိုအား ပိုများလာစေတယ်။ ဒါကြောင့် ယခုနှစ် ဗီယက်နမ်ဆန်တင်ပို့မှုမှာ တန်ချိန် ၇ သန်း အထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြ တယ်။                 လက်ရှိထိုင်းဆန်ဖြူ ၂၅ မှတ် အမျိုးအစားမှာ တစ်တန်ကို ၄၉ဝ ဒေါ်လာဖြစ်ပေမဲ့ အမျိုး အစားတူ ဗီယက်နမ်ဆန်မှာ တစ်တန်ကို ၄၄၅ ဒေါ်လာဖြစ်တယ်။ ဒါကြောင့် ဗီယက်နမ်ဆန် အမြောက်အမြားကိုအင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ်နဲ့ အာဖရိကနိုင်ငံတွေက ဝယ်ယူဖို့ စာချုပ်ချုပ်နေကြောင်း ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) က ပြော ကြားတယ်။ ဖိလစ်ပိုင်ကလည်း လာမဲ့လတွေမှာ ဆန်ဝယ်ယူမှုမြှင့်တင်ဖို့ စီစဉ်နေကြောင်း VFA က ပြောကြားပါတယ်။ ဒီလိုဆန်ဝယ်လိုအား များလာခြင်းက ဗီယက်နမ် မဲခေါင်မြစ်ဝှမ်းဒေသ ဆန်ဈေးနှုန်းကိုပါ မြင့်မားစေတယ်။ ဒါကြောင့် ဇွန်လ နှောင်းပိုင်းက တစ်တန်ကို ၄၃၅ ဒေါ်လာသာရှိနေတဲ့ ဆန်ဖြူ ၂၅ မှတ် အမျိုးအစားက ဇူလိုင်လ ၈ ရက်နေ့မှစပြီး တစ်တန်ကို ၄၄၅ ဒေါ်လာအထိ ၁ဝ ဒေါ်လာ ဈေးမြင့်လာပါတယ်။ ပပSource:thanhniennews.com, riceonline.com