တွက်ခြေကိုက်မှု နည်းနေတဲ့ မုံရွာ-မန်း ကုန်တင်တန်ဆာခများ

တွက်ခြေကိုက်မှု နည်းနေတဲ့ မုံရွာ-မန်း ကုန်တင်တန်ဆာခများ                      မုံရွာမှ မန်းသို့ပြေးဆွဲနေတဲ့ ကုန်တင်ကားတန်ဆာခနှုန်းထားများ ပြောင်းလဲမှုမရှိ ယခင်နှုန်း အတိုင်း ဆန်၊ ပဲမျိုးစုံ ပိဿာ ၃ဝ ဝင်တစ်အိတ် ၃၅ဝ ကျပ်၊ ဆီး၊ ကြာဆံ တစ်ပိဿာ ၁၂ ကျပ်၊ ကျောက်မီးသွေး တစ်တန် ၁၂ဝဝဝ ကျပ်နဲ့ မုံရွာချက်ဆီ ဒီဇယ်တစ်ပေပါ ၃၅ဝဝ ကျပ်နှုန်းဖြင့် ပြေးဆွဲနေကြောင်း သိရပါတယ်။ ဒီအချိန်က သီးနံှမျိုးစုံလက်ကျန်နည်းပြီး ဆီးပွဲရုံတွေလဲ ဂိုဒေါင်ခါနေပြီဖြစ်လို့ ကုန်ရှားပါးပြီး ကားပိုင်ရှင်တွေ တွက်ခြေကိုက်မှုနည်းကြောင်း သိရပါတယ်။ ကားပိုင်တွေအနေနဲ့ မကိုက်ရင် ရပ်ထားလို့ရပေမယ့် ဒရိုင်ဘာ/စပယ်ယာ အလုပ်ရရှိရေးနဲ့ စားဝတ်နေရေးအတွက်ငဲ့ပြီး နေ့စဉ်ပုံမှန် ပြေးဆွဲရဘို့ ကြိုးစားနေရကြောင်း၊ သီးနံှပေါ်ချိန် ကုန်ပေါလို့ ပွဲရုံတွေလုပ်ငန်းဖြစ်ရင် ကားဂိတ်တွေကို ကားလှမ်းတောင်းရပြီး ကုန်ရှားချိန်တော့ ကားဂိတ်တွေက ပွဲရုံတွေဆီ ကုန်ရဖို့ ပြန်တောင်းရတယ်လို့ သိရပါတယ်။ ကားတွေ တန်ဆာခနဲ့တွက်ခြေမကိုက်ရင် သီးနံှပွဲရုံတွေက ဈေးနှုန်းညှိတောင်းလို့မရ ပေမယ့် မန်းမှ မုံရွာအပြန် ကုန်တင်ရတဲ့ ကုန်မျိုးစုံဆိုင်တွေကတော့ တန်ဆာခမကိုက်ရင် ဈေးနှုန်း ညှိယူလို့ရကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း