ပဲစင်းငုံနီ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်           ယခု      ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်      ၄၅၅ဝဝဝ   ၄၃၈ဝဝဝ၂ မန္တလေး              ၁ ပိဿာ      ၆၅ဝ          ၆၅ဝ၃ မုံရွာ                   ၁ ပိဿာ      ၆၅၅          ၆၄ဝ၄ ပြည်                   ၁ ပိဿာ      ၇ဝဝ          ၇ဝဝ၅ ပခုက္ကူ                 ၁ ပိဿာ     ၆၆၅           ၆၅၅၆ မြင်းခြံ                 ၁ ပိဿာ      ၆၆ဝ           ၆၃ဝ၇ အောင်လံ            ၁ ပိဿာ      ၆၆၅           ၆၆ဝ၈ မကွေး                ၁ ပိဿာ      ၆၆၅             ၆၆ဝပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်အောက်ဈေးနဲ့ အဝယ်ရှိလို့ ဈေးဆင်းလာ                  ဘုရင့်နောင်ေ် ဈးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ အဝယ်အေးပေမယ့် နောက် ပိုင်းရက်တွေမှာ တစ်တန်ကို ၄၃၈ဝဝဝ ကျပ်ဈေးနဲ့ တန် ၅၇၅ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားပုံမှန်အဆွဲရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်များက အောက်ဈေးနဲ့ အဆွဲရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၄ဝ ကျပ်(တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲစင်းငုံနီ ကို ရန်ကုန်ဝယ်လက်က အရည်အသွေးလိုတာကို အကြောင်းပြပြီး အောက်ဈေးနဲ့ အဝယ်ရှိနေတာကြောင့် ရောင်းသူကုန်သည်များ အ ရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၆ဝ ကျပ်(တစ်တန်ကို ၄ဝ၄၁၇၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂၅ဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲစင်းငုံ နီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၆ဝ ကျပ်(တစ်တန်ကို ၄ဝ၄၁၇၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ပုံမှန်အဆွဲရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ဆင်းလာကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်တွင် ဒီတစ်ပတ် ရန်ကုန်ဝယ်လက်က ပဲစင်းငုံနီနဲ့ ပဲစင်းငုံကြားကို အနိမ့်ဈေးနဲ့ အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီတစ်ပိဿာ ၆၃ဝ ကျပ်(တစ်တန် ကို ၃၈၅၈ဝ၅ ကျပ်)နဲ့ ပဲစင်းငုံကြား တစ်ပိဿာကို ၄၆ဝ ကျပ်(တစ်တန်ကို ၂၈၁၆၉၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။