ပဲတီစိမ်း(အညာ)
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၉၇၄ ၉၄၇ ၂ မန္တလေး ၁ ပိဿာ ၉၇၈ ၁ဝ၁၃ ၃ မကွေး ၁ ပိဿာ ၇၄ဝ ၈၂ဝ ၄ ရေစကြို ၁ ပိဿာ ၆၈၅ ၆၈၅ ၅ ပခုက္ကူ ၁ ပိဿာ ၇ဝဝ ၈ဝဝ ၆ ပြည် ၁ ပိဿာ ၇၄ဝ ၈ဝဝ ပဲတီစိမ်း(အညာ) ကို အိတ်စပို့အဆွဲပြန်လိုက်လာလို့ ဈေးအနည်းငယ်မြင့်လာ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း(အညာ)က ဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို တရုတ်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့်လာပြီး တစ်ပိဿာကို ၉၄၂ ကျပ်(တစ်တန်ကို ၅၇၆၈၇၁ ကျပ်)မှ အ မြင့်ဆုံး ၁ဝ၁၃ ကျပ်(တစ်တန်ကို ၅၂ဝ၃၅၁ ကျပ်)အတွင်း နေ့စဉ် အိတ် ၁ဝဝဝ မှ ၂ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သို့ မိုးကြိုပဲတီစိမ်းကြီးတွေ အဝင် လှိုင်လာသလို ရန်ကုန်အဆွဲလည်း ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မကွေးဈေးကွက်မှာ ပဲတီစိမ်း ကြီးကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့် မှာ ရှိနေကြောင်း သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂ဝ ကျပ် (တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ် ဝယ်လက်က အရည်အသွေးကို စိစစ်ပြီး ဝယ်ယူမှုတွေ ရှိနေသလို တရုတ်ယွမ်ငွေဈေးနှုန်းနဲ့ မူဆယ်သို့ သယ်ယူခဈေးနှုန်းများ အတက် အကျပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်) နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။
