ပြောင်း
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၄ဝ ၂၄၅၂ လားရှိုး ၁ ပိဿာ ၂၈၅ ၂၈၅၃ မူဆယ် ၁ တန် ၂၂၇၆၈၈ ၂၂၅၄၃၃၄ မန္တလေး ၁ ပိဿာ ၂၆၉ ၂၆၉၅ မြင်းခြံ ၁ ပိဿာ ၂၆ဝ ၂၆ဝ၆ ဟင်္သာတ ၁ ပိဿာ ၂၅၅ ၂၄၅ပြောင်းက ပစ္စည်းလက်ကျန်နည်းနေပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်နေ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် ပြောင်းက ဈေးကွက်သို့ အဝင်နည်းလာသလို အ ရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင်အပတ်နဲ့စာရင် နည်းသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၈ဝဝဝဝ ခန့်သာဖြစ်ခဲ့ကြောင်း ဒေသခံ ပြောင်းကုန်သည်များက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိနေဆဲလို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၁၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်း ကို တရုတ်အဆွဲပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၂၆၉ ကျပ်နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းက ရောင်း သူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၅ ကျပ်နဲ့ နေ့စဉ်အိတ် ၇၅ဝ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးကဆိုပါတယ်။
