ဗီယက်နမ်မဲခေါင်ဆန်ဈေး နောက်တစ်ကြိမ် မြင့်တက်

ဗီယက်နမ်မဲခေါင်ဆန်ဈေး နောက်တစ်ကြိမ် မြင့်တက်       ဗီယက်နမ်စားနပ်ရိက္ခာအသင်း VFA က အရန်ဆန်အတွက် ဆန်ဝယ်ယူမှုကို ယာယီရပ်ဆိုင်းမယ်လို့ မကြာသေးခင်က ကြေညာခဲ့ပေမဲ့ မဲခေါင်ဒေသ ကူလောင်ပြည်နယ်မှာ ဆန်ဈေးမြင့်တက်ခဲ့ပါတယ်။ VFA  က ဆန်တန်ချိန် တစ်သန်းဝယ်ယူမှုကို ခေတ္တရပ်ဆိုင်းမယ်လို့ ဇူလိုင်လ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဆန်ဈေးနဲ့ ယှဉ်ရင် လက်ရှိဈေးဟာ တစ်ကီလိုကို ဒေါင် ၃ဝဝ- ၅ဝဝ (ကန်ဒေါ်လာ ဝ ဒသမ ဝ၁၄- ဝ ဒသမ ၁၂၄) မြင့်တက်ခဲ့ပါတယ်။                 ယာယီဆန်အဝယ်ရပ်ဆိုင်းခြင်း အကြောင်းရင်းကတော့ ပြည်ပတင်ပို့ဖို့ ဆန်ပမာဏများများ ဝယ်လိုအားရှိခြင်းကြောင့် ပဲဖြစ်တယ်လို့ VFA  အဖွဲ့ဝင် ကင်သိုမှ ဒါရိုက်တာ ငုယင်ထရောင်ကင်က ဆိုပါတယ်။ဘဏ်များက ပြည်ပတင်ပို့သူများ စပါး ဝယ်ယူဖို့ ချေးငွေကို ဦးစားပေးထုတ်ပေးနေတယ်လို့ ဆိုပါတယ်။မဲခေါင်ဒေသလယ်သမားများဟာ နွေစပါးဟက်တာ ၁ ဒသမ ၆ သန်းကျော်ရှိတဲ့အနက် ဟက်တာ ၆ သိန်း ရိတ်သိမ်းပြီးသွားပြီလို့ သိရပါတယ်။                 မဲခေါင်လယ်သမားများက တတိယ ၃ လအတွင်း တင်ပို့ရမယ့် ပြည်ပတင်ပို့ဖို့ စာချုပ်များဖြည့်ဆည်းဖို့ ဒေသတွင်း ဆန်တင်ပို့သူများဟာ အမြောက်အမြားဝယ်ယူမယ်လို့ ယုံကြည်ထားကြတဲ့အတွက် မကြာခင်က ဆန်ဈေးမြင့် တက်ခဲ့တာဖြစ်ပါ တယ်။ နွေစပါးစိုက်ဟက်တာ ၈၄ဝဝဝ မှာ စပါးများရင့်မှည့်နေပြီး အထွက်နှုန်းဟာယခင်နှစ်ထက် ၂ဝဝကီလိုပိုမိုပြီးတစ်ဟက်တာ ကို ၅ ဒသမ ၆ တန်နှုန်းထွက်ရှိတယ်လို့ ကင်သို စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဌာန ဒါရိုက်တာPhan Van Quynh မှ ပြောကြားပါတယ်။ ယခုနှစ် အထွက်နှုန်းမြင့်တက်ရခြင်းမှာ စပါးမိုျးများပြောင်းလဲလိုက်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ပထမ ၆ လအတွင်း ဗီယက်နမ်ဆန်တင်ပို့သူများဟာ တန်ချိန် ၃ ဒသမ ၉၁၂ သန်း တင်ပို့ပြီး ဖြစ်ကြောင်း ဒုတိယ နှစ်ဝက်အတွင်းမှာ တန်ချိန် ၃ ဒသမ ၂ သန်းခန့် တင်ပို့နိုင်မှာဖြစ်လို့ ၂ဝ၁၁ အတွင်း တန်ချိန် ၇ သန်းမှ ၇ ဒသမ ၄ သန်း ခန့် တင်ပို့နိုင်မယ်လို့ သိရပါတယ်။              လဝန်းး၊Source: VNS