ထိုင်ဝမ်(ကုလားပဲ)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ မန္တလေး              ၁ ပိဿာ        ၈၃၆    ၈၆၂၂ မကွေး                ၁ ပိဿာ        ၈ဝဝ    ၈ဝဝ၃ ပခုက္ကူ                ၁ ပိဿာ        ၈၃၆    ၈၃၆၄ မုံရွာ                   ၁ ပိဿာ        ၈ဝ၅    ၈၄၂၅ အောင်လံ             ၁ ပိဿာ       ၈၅ဝ     ၈၇၅၆ မြင်းခြံ                 ၁ ပိဿာ       ၈၄ဝ     ၈၅ဝ၇ ရေစကြို               ၁ ပိဿာ       ၈၃၅     ၇၉ဝ၈ ပြည်                   ၁ ပိဿာ       ၈၄၅     ၈၆ဝထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးစွာလာ               မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၆၂ ကျပ်(တစ်တန်ကို ၅၂၇၈၈ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ကြားအရောင်းအဝြယ်ဖစ်ခဲ့တယ်လို့ ဆိုပါတယ။် မကွေး ဈေးကွက်မှာ မြို့ခံပဲခွဲစက်သမားများက တစ်ပိဿာကို ၈ဝဝ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅ဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့််နေတယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက ပစ္စည်းဝယ်ယူ ဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့ကြောင်း ပဲခွဲစက်လုပ် ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲက အောင်လံဘက်မှ အဝင်များပြီး ဒေသတွင်းမှ အဝင်နည်းလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆ဝ ကျပ် (တစ်တန်ကို ၅၂၆၆၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ကုလားပဲကို ခွဲစက်သမားများ၊ အမှုန့်ကြိတ် စက်သမားတွေအပြင် တောင်ကုတ်ဘက်မှလည်း အဆွဲပုံမှန်ရှိနေတယ်လို့ မြို့ခံကုန်သည်တွေက ဆိုပါတယ်။