ကုန်စည်ဒိုင် သုံးသပ်ချက်

ကုန်စည်ဒိုင် သုံးသပ်ချက်                   မတ်ပဲ (ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတဲ့ အပေါ် အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                  ပဲတီစိမ်း(အညာ) ကိုအိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် မုံရွာနဲ့ အောင်လံ မှာ ဈေးအနည်းငယ်မြင့်နေပြီး မန္တလေး၊ မကွေး နဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျနေကာ ရေစကြိုနဲ့ ပြည်မှာဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ် လက်တွေက ပြည်ပအဝယ်အေး သွားတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။                         ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်တွေနဲ့ ဒေသတွင်း ခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြိုနဲ့ မြင်းခြံ မှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။                    ကုလားပဲ(ထိုင်ဝမ်)ကို ပြည်တွင်းပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် မန္တလေး၊ မုံရွာ၊ အောင်လံ၊ မြင်းခြံနဲ့ ပြည်မှာ ဈေးမြင့်နေပြီး မကွေးနဲ့ ပခုက္ကူမှာ ဈေးတန့်နေကာ ရေစကြိုမှာ ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။                     ပြောင်းကို ပြည်ပအဆွဲပုံမှန်ရှိနေပေမယ့် ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် တောင်ကြီး၊ မူဆယ်နဲ့ မြင်းခြံမှာဈေးကျနေပြီး လားရှိုးနဲ့ရေစကြိုမှာ ဈေးငြိမ် နေကာ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်မြင့်နေကြောင်းတွေ့ရပါတယ်။                         နှမ်းဖြူကို တရုတ်အဆွဲအေးနေတာကြောင့် မကွေး၊ မုံရွာနဲ့ ရေစကြိုမှာ ဈေးကျနေပြီး မန္တလေးမှာ ဈေးငြိမ် နေတာ တွေ့ရ ပါတယ်။                        သိပ္ပံနှမ်းကို ရန်ကုန်အဆွဲ ခပ်ပါးပါးသာရှိတာကြောင့် အောင်လံဈေးကွက်မှာ ဈေးကျနေကြောင်း သိရပါတယ်။