မူဆယ် - မန်း အဆင်း ကုန်ရ၍ ကုန်တင်ခနှုန်း ဈေးပြန်တက်
မူဆယ် - မန်း အဆင်း ကုန်ရ၍ ကုန်တင်ခနှုန်း ဈေးပြန်တက် မူဆယ်- မန်းကုန်တင်ဂိတ်များမှာ အဆင်းကုန်ရ၍ ကုန်တင်ခနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရပါတယ်။ '' ဒီလထဲ မှာ မြေဆီပြန်ဝင်လာတဲ့အတွက် အဆင်းကုန်ဝင် များလာတယ်။ ရှေ့လကဆို တက်သွားပြီးရင် အဆင်းကုန်မရလို့ ကုန်စောင့်ပြီးမှ ဆင်းလာရတာ။ ဒီရက်ပိုင်းမှာ ကားတွေကို ကုန်တိုးတင် လာတဲ့အတွက် ၄ စီးအစား ၃ စီးပဲ ထွက်တာရော၊ ငွေဈေးကြောင့်ရော အတက်ကုန်ပါးတယ်။ အဆင်းကုန်မှာ မြေဆီအဆင်းနဲရာက ပြန်သွက်လာ တဲ့အတွက် အဆင်းကားမှာ ကုန် ၃ စီးတင်ရရင် မြေဆီက ၁ စီးတင်ရတယ်'' လို့ စိန်ထိပ်တန်းသီးနံှနဲ့ ကုန်စည်ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးက ပြောပါတယ်။ အတက်ကုန်များတွင် ပြောင်း၊ ပဲတီစိမ်း၊ ပဲယင်း၊ ဆီးသီးခြောက်၊ ကြက်ဆူ အတက်များပြီး အဆင်းကုန်များတွင် လူသုံးကုန်၊ ဆိုင်ကယ်၊ စက်ဘီး၊ မြေဆီများ အဆင်းများကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတက်ကုန် တစ်ပိဿာကို ၃၄ ကျပ်ရှိပြီး အဆင်းကုန် တစ်ပိဿာကို ၆ဝ ကျပ်ရှိကြောင်း သိရပါတယ်။
