ပဲစင်းငုံနီ
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၁၁ဝဝဝ ၄၂၂ဝဝဝ၂ မန္တလေး ၁ ပိဿာ ၆၁၇ ၆၃၃၃ မုံရွာ ၁ ပိဿာ ၆၂ဝ ၆၂၅၄ ပြည် ၁ ပိဿာ ၆၄ဝ ၆၄ဝ၅ ပခုက္ကူ ၁ ပိဿာ ၆၂ဝ ၆၄ဝ၆ မြင်းခြံ ၁ ပိဿာ ၅၉ဝ ၆၃ဝ၇ အောင်လံ ၁ ပိဿာ ၆၂၅ ၆၄ဝ၈ မကွေး ၁ ပိဿာ ၆၁၅ ၆၂၅ပဲစင်းငုံနီဈေး အနည်းငယ်စွာလာ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၄၂၂ဝဝဝ ကျပ်နဲ့တစ် ပတ်အတွင်း တန် ၉၂ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလိုရန်ကုန်အဆွဲကလည်း ပုံမှန်အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၃၃ ကျပ် (တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်များနေပေမယ့် ရန်ကုန်အဆွဲက ခပ်ပါးပါးသာရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာရှိခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မ် ှာတော့ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၄ဝ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်အဝယ်ရှိပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးတန့််နေတယ်လို့ ဆိုပါတယ။် အောင်လံဈေးကွကွက် မှာ ပဲစင်း ငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၄ဝ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာ ခပ်ပါးပါးရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ မကွေးဈေးကွက်မှာလည်း ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၂၅ကျပ်(တစ်တန်ကို ၃၈၂၇၄၇ ကျပ်)နဲ့နေ့စဉ် အိတ် ၁၅ဝမှ ၂ဝဝကြား အဝယ်ရှိခဲ့တယ်လို့ သိရ ပါတယ်။ ပခုက္ကူဈေးကွကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့့််လာပြီး တစ်ပိဿာကို ၆၄ဝ ကျပ်(တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
