ကုန်တင်ကုန်ချ အလုပ်သမားခ နှုန်းထားများ ပြောင်းလဲသတ်မှတ်

ကုန်တင်ကုန်ချ အလုပ်သမားခ နှုန်းထားများ ပြောင်းလဲသတ်မှတ်              ကုန်တင်ကုန်ချအလုပ်သမားခနှုန်းထားများကို ဇူလိုင် ၁၃ ရက်ကကျင်းပခဲ့တဲ့ အမှုဆောင်စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ညှိနှိုင်း၍ ပြောင်းလဲသတ်မှတ် လိုက်ကြောင်း၊ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ကြေညာချက်ထုတ်ပြန်ထား ပါတယ်။ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အလုပ်သမားခနှုန်းထားများကို ဇူလိုင် ၁၄ ရက်ကစ၍ အတည်ဖြစ်ကြောင်း၊ အလုပ်သမားခ နှုန်းထားများမှာ ကုန်ကျစ်ပစ္စည်း (ချခ၊ သိမ်းခ၊ ချိန်ခ၊ တင်ခ၊ ရောပုံခ) တစ်မိုျးလျှင် ၃ တင်းတစ်အိတ် ၅ဝ ကျပ်၊ တစ်တင်းခွဲ တစ်အိတ် ၂၅ ကျပ်၊ ကုန်ပွပစ္စည်း (နံနံ၊ ဆီနေကြာ၊ လှော်နေကြာ၊ ငရုတ်၊ မြေပဲတောင့်၊ ကြက်ဆူစေ့) (ချခ၊ ချိန်ခ၊ သိမ်းခ၊ တင်ခ) တစ်မိုျး ၃ တင်း တစ်အိတ် ၅ဝ ကျပ်၊ တစ်တင်းခွဲတစ်အိတ် ၂၅ ကျပ်ဖြစ်ပြီး၊ ဆီပေပါတစ်လုံး (ချခ၊ လှယ်ခ၊ တင်ခ)တစ်မျိုးကျပ် ၁ဝဝ၊ ဆီပေပါတစ်လုံး ကားပေါ်သို့ထပ်ဆင့်တင်ပြီးအထိ ကျပ် ၂ဝဝ၊ ဆီပုံးတစ်ပုံးတင်ခ၊ ချခတစ်မျိုး ၁ဝ ကျပ်၊ မှို့၊ ဂွမ်းပိဿာ ၁ဝဝ အတွက် ချခ၊ ချိန်ခ၊ တင်ခတစ်မျိုး ကျပ် ၂ဝဝ၊ ဆီကြိတ်ဖတ်များ ပိဿာ ၁ဝဝအတွက် ကျပ် ၁ဝဝ ဖြင့် ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ကုန်သိမ်းတဲ့အခါ နမူနာကို မူလနမူနာတစ်ထုတ်စာမျှသာ ယူကြရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။           ဇူးဇူး