အင်ဒိုနီးရှားအစိုးရက ဆန်သိုလှောင်ဈေးကစားမည့်သူများကို စောင့်ကြည့်နေ
အင်ဒိုနီးရှားအစိုးရက ဆန်သိုလှောင်ဈေးကစားမည့်သူများကို စောင့်ကြည့်နေ ကုန်သည်တွေက စားသောက်ကုန်ဝယ်လိုအား ထိပ်ဆုံးရောက်ချိန်မှာ ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းချနိုင်ဖို့ အတွက် ကုန်တွေကို သိုလှောင်ထားလေ့ရှိတယ်။ လာမဲ့ စက်တင်ဘာလမှာ ဥပုသ်လရာသီစတင်တော့မှာ ဖြစ်တာကြောင့် ဆန်သိုလှောင်ထားမှု စင်တာ ပေါင်း ၁ဝ ခုကျော်ရှိနေပြီကို အင်ဒိုနီးရှားအစိုးရက တွေ့ရှိထားကြောင်း သတင်းရရှိပါတယ်။ စင်တာအများစုက ဂျာဗားမှာဖြစ်ပြီး ကုန်လှောင်ရုံအသီးသီးက ဆန်တန်ချိန် ၅ဝဝဝ နီးပါးစီကို သိုလှောင်ထားကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး Suswono ကပြောကြားလိုက်တယ်။ ဆန်သိုလှောင် ထားခြင်းကို ကုန်သည်တွေက ပြုလုပ်လေ့ ရှိပြီး ရောင်းလိုအားဈေးကွက်ကို လျှော့ချလိုက်မှုကြောင့် ဈေးနှုန်းတွေကို မြင့်တက်လာစေတယ်။ ဒါကြောင့် ကုန်သည်တွေကို ဥပုသ်လရာသီ (သို့မဟုတ်) အားလပ်ရက်တွေမှာ အခွင့်အရေးမယူကြဖို့ တိုက်တွန်းထားကြောင်း Suswono ကပြောကြား လိုက်တယ်။ ကုန်ထုတ်လုပ်မှုပမာဏများပြားမှုကြောင့် အကျိုးအမြတ်ရရှိနိုင်တာကြောင့် ပြည်သူကိုဈေးနှုန်း မြင့်မားစွာနဲ့ ဝယ်ယူဖို့ မလုပ်ဆောင်သင့်ကြောင်း စီးပွားရေးဝန်ကြီးရုံးအစည်းအဝေးမှာ ပြောကြားလိုက်တယ်။ ဆင်းရဲသားတွေမှာ ဈေးနှုန်းမြင့်မားမှု ကို အခံရဆုံးဖြစ်ပြီး ငဲ့ညှာသင့်ကြောင်း ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားရဲ့ လူဦးရေက သန်း ၂၄ဝ ရှိပြီး တစ်လကို ဆန်တန်ချိန် ၂၇ဝဝဝဝ ကို စားသုံးလျက်ရှိတယ်။ အင်ဒိုနီးရှား အစိုးရက ဆန်ကိုအဓိကထားစားသုံးနေမှုမှ အခြားသီးနံှကို ပြောင်းလဲစားသုံးသွားဖို့ တိုက်တွန်းထားတယ်။ ဥပုသ်လရာသီ အတွက် ဆန်ကိုသိုလှောင်ထားမှုကြောင့် ဆန်ဈေးနှုန်းတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက စတင်ကာ ဈေးနှုန်းမြင့်တက်ခဲ့တယ်။ ဥပုသ်လရာသီအတွင်း မနက်အစောဆုံး ဆန်စားသုံးမှုက အမြင့်ဆုံးကိုရောက်ရှိပြီး ဥပုသ်လအပြီး ပွဲတော်မှာလည်း ဆန် စားသုံးမှု အမြင့်ဆုံးကို ရောက်ရှိလေ့ရှိတယ်။ ဆန်ဈေးနှုန်းတွေမြင့်တက်မှုကြောင့် ဇူလိုင်လက စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုက သုည ဒသမ ၆၇ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအေဂျင်စီက သြဂုတ်လ ၁ ရက်နေ့က ကြေညာလိုက်တယ်။ အပြည်ပြည်ဆိုင်ဈေးကွက်တွေမှာ ဆန်ဈေးနှုန်းတွေက တည်ငြိမ်နေပြီး ဈေးကကျဆင်းလျက်ရှိတယ်။ ဒါကြောင့် ကုန်သည်တွေက ဈေးမြှင့်ရောင်းပါက ဆန်ကိုပဲ တင်သွင်းရမဲ့ အခြေအနေပဲဖြစ်ကြောင်း Danareksa Research Institute ရဲ့ ခေါင်းဆောင် Purbaya Yudhi Sadewa ကပြောကြားလိုက်တယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ ကုန်သိမ်းဆည်းထားတယ်လို့ ယူဆရတဲ့ သိုလှောင်ရုံတွေကို စစ်ဆေးသွား မှာဖြစ်ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Hatta Rajasa ကပြောကြားလိုက်ပါတယ်။ တကယ်လို့ ဈေးနှုန်းမြင့်တက်ဖို့ ရည်ရွယ်ပြီး သိုလှောင်ထားပါက ဥပဒေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရှိရတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့ ဥပုသ်လအတွင်း ဆန် သိုလှောင်ထားမှု အလုံအလောက်ရှိမှုကြောင့် စိုးရိမ်စရာမလိုကြောင်း သိရှိစေမှာဖြစ်ပြီး ကုန်သည်တွေလည်း ဈေးမြှင့်တင်ခြင်းကို ဟန့်တားသွားနိုင်မှာဖြစ်တယ်။ နိုင်ငံတော်ပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Agency (Bulog) ဥက္ကဌ Sutarto Alimoeso က ဆန်သိုလှောင်ထားမှုက လာမဲ့ ၇ လအတွင်း ပြည်သူစားသုံးမှုအတွက် ဖူလုံမှုရှိကြောင်းနဲ့ ယခုလမှာ ဗီယက်နမ်မှဆန်တန်ချိန် ၅ သိန်းကို တင်သွင်းပြီးဖြစ်ကြောင်း ပြောကြားလိုက်တယ်။ ဒါ့ပြင် Bulo က ဆန် ရောင်းလိုအား သေချာစေဖို့နဲ့ ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ကို သိုလှောင်ထားဖို့ ကတိကဝတ်ပြုထားခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.thejakartapost.com
