ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၄၆ဝ-၄၇ဝ ဖြင့် စာချုပ် ချုပ်ဆိုရောင်းချထားသော ဗီယက်နမ်ဆန် တင်ပို့သူ များစွာ ထိခိုက်နစ်နာနေ

ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၄၆ဝ-၄၇ဝ ဖြင့် စာချုပ် ချုပ်ဆိုရောင်းချထားသော ဗီယက်နမ်ဆန် တင်ပို့သူ များစွာ ထိခိုက်နစ်နာနေ                 သြဂုတ်လဆန်း ဗီယက်နမ် ပြည်တွင်းမဲခေါင်မြစ်ဝှမ်း ဒေသမှာ နွေ-ဆောင်းဦးရာသီ စိုက်ပျိုး ထုတ်လုပ်တဲ့ စပါး တစ်ကီလိုကို ၆၇ဝဝ ဒေါင်အထိ ရောက်ရှိသွားရာ စံချိန်တင် အမြင့်ဆုံး ဈေးနှုန်းဖြစ်လာတယ်လို့ သိရတယ်။ ဇူလိုင်လ ပထမ ၁ဝ ရက် အတွင်း တစ်ကီလိုကို ဒေါင် ၁ဝဝဝဝ ရှိနေတဲ့ ဆန်ဈေးနှုန်းမှာ သြဂုတ် လဆန်းမှာ တစ်ကီလိုကို ၁ဝ၅ဝဝ ဒေါင်ဖြစ်လာပါတယ်။ ၎င်းဈေးနှုန်းက ၂ဝဝ၈ ခုနှစ် ၊ ဧပြီလက (ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကာလ) နှုန်းထားဖြစ်တဲ့ ၉၇ဝဝ ဒေါင်ထက်ကို ပိုမိုလာတယ်။                  ထိုင်းဆန်ဈေးမြင့်လာမယ်လို့ ယုံကြည်ကြခြင်းက ဗီယက် နမ် ဆန်ဈေးကိုပါ မြင့်မားစေခြင်းဖြစ်တယ်။ ဇူလိုင် ၃ ရက် ကျင်းပတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီ အနိုင် ရရှိပြီး နောက်ပိုင်း ဇူလိုင်လ ပထမ ၁၅ ရက်အတွင်း ထိုင်း ဆန်ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ နီးပါး မြင့်မား သွားခြင်းက ဗီယက်နမ်ဆန်ဈေးကိုပါ မြင့်မားစေခဲ့တယ်။ ဗီယက်နမ်ပြည်တွင်း ဆန်ဈေး တဖြည်းဖြည်း မြင့်မား လာချိန်မှာ ဆန်ပြည်ပတင်ပို့သူတွေအနေနဲ့ စာချုပ်ချုပ်ဆို ရောင်းချ ထားတဲ့ ဆန်ပမာဏကို ပြည့်မီအောင် တင်ပို့နိုင်ရေး အတွက် ပြည်တွင်းဆန်တွေကို ဝယ်ယူနေရပြီး ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရကြောင်း သိရတယ်။                  အဓိကမှာ ဆန်တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝ-၄၇ဝ နဲ့ စာချုပ်ချုပ်ဆိုရောင်းချထားတဲ့ ဗီယက်နမ် ဆန်တင်ပို့သူတွေ များစွာထိခိုက်နစ်နာနေကြောင်း သိရပါတယ်။ ပပ၊Source:english.vietnamnet.vn