ကမ္ဘောဒီးယားဆန်ထွက်နှုန်း မြင့်မားလာသလို ဆန်အရည်အသွေးလည်း တိုးတက်ကောင်းမွန်လာ

 ကမ္ဘောဒီးယားဆန်ထွက်နှုန်း မြင့်မားလာသလို ဆန်အရည်အသွေးလည်း တိုးတက်ကောင်းမွန်လာ        ကမ္ဘောဒီးယားဆန်ထွက်နှုန်း မြင့်မားလာသလို ဆန်အရည်အသွေးလည်း တိုးတက်ကောင်းမွန်လာပြီး ဆန်ဈေးကွက်ရရှိမှု ကျယ်ပြန့်လာကာ အမေရိကနဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နိုင်ပြီ ဖြစ်ကြောင်း သိရတယ်။ ၂ဝ၁၁ ခုနှစ် ၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဥရောပဈေးကွက်တွေနဲ့ အခြားနိုင်ငံတွေကို ဆန် တန်ချိန် ၈ဝ၄၄၂ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလတင်ပို့မှု တန်ချိန် ၁၇၁၄၄ ထက် များစွာ ပိုမိုလာခဲ့တယ်။           ကမ္ဘောဒီးယားအစိုးရအေဂျင်စီ (Camcontrol)  အဆိုအရ ပြည်ပကို တင်ပို့ဖို့ ပြည်တွင်းဆန်စပါး တန်ချိန် ၃ ဒသမ ၉ သန်း ဝန်းကျင်ရှိရာ တန်ချိန် ၂ ဒသမ ၅ သန်းမှာ ကြိတ်ခွဲပြီး ဆန်တွေဖြစ်ကြောင်း ၊ ဆန် တင်ပို့မှု ထပ်မံမြှင့်တင်ဖို့အတွက် ရိတ်သိမ်းချိန်လွန် အဆင့်မြင့်နည်းပညာတွေမှာ ကန်ဒေါ်လာ ၃၅ဝ သန်း ဝန်းကျင် ရင်းနှီးမြှုပ်နံှဖို့ လိုအပ်ကြောင်း သိရတယ်။ ဆန်တင်ပို့မှုမြှင့်တင်ရေးအတွက် အခြားအားနည်းချက်တစ်ရပ်မှာ ကမ္ဘောဒီးယားက ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ တွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်အကြားရှိနေတဲ့ ကုန်တွင်းပိတ် နိုင်ငံဖြစ်နေခြင်းဘဲဖြစ်တယ်။            ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးအသင်းအဖွဲ့ (FAO) စာရင်းအရ ကမ္ဘောဒီးယားက နှစ်စဉ်စပါးတန်ချိန် ၈ ဒသမ ၅ သန်း ဝန်းကျင်ထုတ်လုပ်ပြီး ၎င်းစပါးမှ ဆန်တန်ချိန် ၆ ဒသမ ၆ သန်း ဝန်းကျင် ထွက်ရှိကြောင်း ၊ ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၂ သန်း ဝန်းကျင်ဖြစ်ကြောင်း သိရတယ်။ ပပSource:oryza.com