မန်းမရမ်းခြံဆိပ်ကမ်းသို့ မော်တော်အဝင်နည်း
မန်းမရမ်းခြံဆိပ်ကမ်းသို့ မော်တော်အဝင်နည်း ဝါဆို၊ ဝါခေါင် ဧရာဝတီမြစ်ရေများချိန်ဖြစ်သော်လည်း မော်တော်အဝင်နည်းပြီး ကုန်အဝင်နည်းနေကြောင်း သိရပါ တယ်။ မရမ်းခြံဆိပ်ကမ်းအလုပ်သမားရုံးမှ လုပ်သားမှူး ဦးမောင်တင်က ''ဒီအချိန် ရေများတဲ့အချိန် ရေလမ်းက ကုန်ဝင်ရောက် မှုများရမယ့်အချိန်ဆိုပေမယ့် ကုန်ထွက်သီးနံှဆွတ်ပြီးချိန်ဖြစ်နေတဲ့အတွက် ကုန်ပါးနေတာ။ ဗန်းမော်ဘက် တရုတ်ကုန် သည် အဝင်နည်းနေတဲ့အတွက် မော်တော်အဝင်နည်းလာတာ။ အရင်လက အလုပ်သမား ၅ဝ ဦးနဲ့ ကုန်တင်ကုန်ချပေမယ့် ဒီလမှာ အလုပ်သမား ၃၅ ဦးနဲ့ပဲကုန်တင်ကုန်ချရတယ်။ ဝါဆို၊ ဝါခေါင်ဆို ကုန်ပို့ပြီးသလောက်ဖြစ်တဲ့အတွက် ပုံမှန်ကုန် နည်းချိန်ဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်လဆို ကုန်ပြန်ပေါချိန်ဖြစ်တယ်''လို့ ပြောပါတယ်။ မရမ်းခြံဆိပ်ကမ်းသို့ ကသာ၊ ရွှေကူဘက်မှ မော်တော် ၃ စင်း၊ ၄ စင်းဝန်းကျင်ဆိုက်ကပ်၍ ယခင်က နေ့စဉ် ၁ဝ စင်း၊ ၁၂ စင်းဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လအတွင်း မော်တော် ၇၅ စင်းဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။ ဂေါဝိန်ဆိပ်ကမ်း၊ မရမ်းခြံဆိပ်ကမ်း၊ ထင်းဝင်းဆိပ်ကမ်း၊ ချော်ဆိပ်ဆိပ်ကမ်းများတွင် ကုန်တင်၊ ကုန်ချအလုပ်သမား ၂၁ဝ ဦးဖြင့် ကုန်တင်ကုန်ချလျက်ရှိပါတယ်။ ယခုရက်ပိုင်းတွင် ဗန်းမော်၊ ကသာ၊ ရွှေကူ၊ ထီးချိုင့်မြို့နယ်တစ်ဝိုက်မှ သကာရည်၊ မြေပဲ၊ မြေဆီနဲ့ တရုတ်ကုန်အချို့ဝင်ရောက်၍ မန္တလေးမြို့မှ လူသုံးကုန်နဲ့ စားသောက်ကုန်အချို့ ပြန်လည်တင်ဆောင် သွားကြောင်း သိရပါတယ်။ ဇူူးးဇူူး
