မဲခေါင်မြစ်ဝှမ်းဒေသ ရေလွှမ်းမိုးမှုကြောင့် စပါးထုတ်လုပ်မှုတိုးမြှင့်
မဲခေါင်မြစ်ဝှမ်းဒေသ ရေလွှမ်းမိုးမှုကြောင့် စပါးထုတ်လုပ်မှုတိုးမြှင့် ဗီယက်နမ်၏ဆန်အိုးကြီးသဖွယ်ဖြစ်သော ဗီယက်နမ် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ကိုးနှစ်အတွင်း အမြင့်ဆုံးရေလွှမ်း မိုးမှုကို ခံခဲ့ရသည်။ ရေလွှမ်းမိုးမှုသည် ပင်လယ်ရေမျက်နှာပြင် အထက် ၄ ဒသမ ၅ မီတာအထိ ရောက်ရှိခဲ့သည်။ ထိုသို့ ရေလွှမ်းမိုးမှုကြောင့် ဒေသ၏ဆန်စပါးအထွက်ကို တိုးမြင့်စေခဲ့သည်။ မဲခေါင် မြစ်သည် တရုတ်နိုင်ငံတွင်မြစ်ဖျားခံပြီး လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ တွင်တင်သောနုန်းကြောင့် ဆန်စပါးနှင့် အခြား သီးနံှများအတွက် မြေဆီသြဇာြွကယ်ဝစေသည်။ မြေဆီလွှာကအလွန် ကောင်းမွန်ပြီး ရေအလံျှပယ်ရနိုင်သဖြင့် ဆောင်း-နွေဦး ရာသီ သီးနံှကို အားပေးပြီး ပို့ကုန်ပိုငွေရစေရန် အထောက်အကူပေးနိုင်သည်။ အမှန်စင်စစ် ဤဒေသသည် ဗီယက်နမ်ပို့ကုန် ဆန်အထွက်၏ ၉ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးရာ ဒေသဖြစ်သည်။ မြစ်ညာဘက်က တရုတ်နိုင်ငံတွင် တာတမံများဆောက်လုပ်သည့်အတွက် မကြာသေးမီနှစ်များအတွင်းက ရေအဝင်နည်းခဲ့သည်။ သို့သော် ယခုနှစ် ရေလွှမ်းမိုးမှုက မဲခေါင်မြစ်ရေကို ကိုးနှစ်အတွင်း အမြင့်ဆုံး အနေအထား အထိမြင့်တက်စေခဲ့ကြောင်း ဗီယက်နမ်တောင်ပိုင်းဒေသ မိုးလေဝသနှင့် ဇလဗေဒစခန်းမှ အချက်အလက်များအရ သိရသည်။ ဗီယက်နမ်တွင် သြဂုတ်လ၌ ရေလွှမ်းမိုးလေ့ရှိပြီး အောက်တိုဘာတွင် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသည်။ မကြာမသေးမီ နှစ်များအတွင်းက ရေလွှမ်းမိုးမှု နည်းပြီး ၂ဝ၁ဝ ပြည့်နှစ်တွင်မူ ရေလွှမ်းမိုးမှု လုံးဝမဖြစ်ခဲ့ပါ။ မဲခေါင်မြစ်ရေ အမြင့်နိမ့်ကျနေပါက ပင်လယ်ရေများ ပိုပြီးဝင် လာတတ်သဖြင့် စပါးစိုက်ဧရိယာများအတွင်းသို့ ဆားငန်ရေများ ဝင်တတ်သဖြင့် ဆန်စပါးစိုက်ပျိုးရေးကို အန္တရာယ်ဖြစ်စေသည်။ ယခင် ၂ဝ၁ဝ ပြည့်နှစ်က ဗီယက်နမ်နိုင်ငံသည် ဆန်တန် သန်း ၄ဝ ထွက်ရှိပြီး ဆန်တန် ၆ ဒသမ ၈ သန်းခန့်ကို ပြည်ပသို့ တင်ပို့ခဲ့သည်။ ယခုနှစ်တွင် ဗီယက်နမ်တွင် ဆန်တန် ၄၁ သန်း ထွက်ပြီး အမြင့်ဆုံးစံချိန်တင်နိုင်မည်ဟုခန့်မှန်းထား သည်။ ပြည်ပသို့ ဆန်တန် ၇ ဒသမ ၁ သန်းမှ ၇ ဒသမ ၄ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ယခုနှစ် ရေလွှမ်း မိုးမှုသည် လာနီညာရာသီ ဥတုသွင်ပြင် လက္ခဏာကြောင့်ဖြစ်သည်။ တောင်အာဖရိက၏ အနောက်ဘက်ကမ်းခြေကို အေးမြ စေကာ မိုးသည်းထန်းစွာ ရွာသွန်းစေသည်။ သို့သော်လည်း ဤရာသီဥတုပုံစံသည် ယခုနှစ် ဆောင်းဦးတွင် ကုန်ဆုံးမည်ဟု ခန့်မှန်းကြ သည်။ ကိုရင်၊Ref:dailynews
