မန်း-မူဆယ် ကားသယ်ခနှုန်း အနည်းငယ် ကျဆင်း

မန်း-မူဆယ် ကားသယ်ခနှုန်း အနည်းငယ် ကျဆင်း                 မန္တလေးဈေးကွက်မှာ သြဂုတ်လဆန်းပိုင်းက သီးနံှလက်ကျန်နည်းပါးခြင်း၊ တရုတ်ဝယ်လက်များ အဆွဲနည်းခြင်း ကြောင့် အရောင်းအဝယ်ဖြစ်မှု အေးပါတယ်။ မန္တလေး-မူဆယ်ကားများ ကုန်တင်တန်ဆာခဈေးနှုန်းများ သိသာစွာ ကျဆင်းလာတာ တွေ့ရပါတယ်။ ကားသမားများအနေဖြင့် မူဆယ်-မန္တလေး အဆင်း ကုန်တွက်ခြေကိုက်မှုရှိပြီး၊ မန္တလေး- မူဆယ်အတက် ကုန်အနေဖြင့် လုပ်ငန်းဖြစ်ရုံနှင့် မိတ်မပျက်ရေး အဓိကထား ပြေးဆွဲမှုသာရှိတယ်လို့သိရပါတယ်။ မန္တလေး-မူဆယ်ကား တန်ဆာခများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်နှိုင်းယှဉ်ရင် ကုန်ကျစ်၊ ကုန်ပွတစ်ပိဿာကို ၂၇ ကျပ်ကျဆင်းမှုရှိကြောင်း သိရပါတယ်။ မန္တလေး-မူဆယ် အတက်ကား တန်ဆာခအနေဖြင့် ဇူလိုင်လတွင် ကုန်ကျစ် တစ်ပိဿာလျှင် ၅၅ ကျပ်နှင့် ကုန်ပွတစ်ပိဿာလျှင် ၅၇ ကျပ်ဈေးရှိပြီး၊ ယခုသြဂုတ်လဆန်းပိုင်းတွင် ကုန်ကျစ် တစ်ပိဿာ လျှင် ၂၈ ကျပ်နှင့် ကုန်ပွတစ်ပိဿာလျှင် ၃ဝ ကျပ်နှုန်းဖြင့် ပြေးဆွဲလျက်ရှိတာ တွေ့ရပါတယ်။ တန်ဆာခဈေးများ ကျဆင်းမှုနှင့်ပတ်သက်၍ မန္တလေး-မူဆယ်ကားများ ကုန်ချိန်တင်ဆောင်မှုအနေဖြင့် ကန့်သတ် မှုမရှိခြင်း၊ သီးနံှလက်ကျန်ပေါ်မူတည်၍ အတက်ကုန်နည်းပါးခြင်း၊ တရုတ်ဝယ်လက်အဆွဲအေးခြင်းများကြောင့် တန်ဆာခ ဈေးများ အနည်းငယ်ကျဆင်းမှုများရှိကြောင်း သိရပါတယ်။ ယဉ်ယဉ်ရွှေ