မတ်ပဲ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၄၇ဝဝဝ ၅၅၅ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၁၅ ၇၈၅၃ ပြည် ၁ ပိဿာ ၈၄ဝ ၈၅ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၂ဝ ၈၃၅၅ မန္တလေး ၁ ပိဿာ ၇၅ဝ ၈ဝဝမတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ်ဈေးကွက်စဖွင့်ချိန်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၅၄၄ဝဝဝ ကျပ်နဲ့အဝယ်ရှိရာမှ နောက်ပိုင်းမှာ အိန္ဒိယရဲ့ ဝယ်လိုအားများလာ တာကြောင့် သြဂုတ် ၁ဝရက်မှာ တစ်တန်ကို ၅၄၈ဝဝဝ ကျပ်သို့ ဈေးမြင့်ခဲ့ပြီး ၁၁ရက်မှာ ၅၅ဝဝဝဝ ကျပ်အထိထပ်မံ ဈေးမြင့်ခဲ့ကာ ၁၂ရက်မှာတော့ ၅၅၅ဝဝဝ ကျပ်အထိ ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏကတော့ တစ်ပတ်အတွင်း တန် ချိန် ၅ဝ၂၅ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၈ဝဝကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မ် ှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လ့ ာပြီး တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅ဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ။် ဟင်္သၤာာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိသလို မြို့ခံလှောင်လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
