ကုလားပဲဖြူလုံးကြီး
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၂၁၆ ၁၁၉၂၂ မန္တလေး ၁ ပိဿာ ၁၁၄၄ ၁၁၂၇၃ မုံရွာ ၁ ပိဿာ ၁၁၃၂ ၁၁၃၂၄ ပခုက္ကူ ၁ ပိဿာ ၁၁၃၁ ၁၁၃၁၅ မြင်းခြံ ၁ ပိဿာ ၁၁၁ဝ ၁ဝ၈ဝ၆ ရေစကြို ၁ ပိဿာ ၁၁ဝ၅ ၁၁ဝ၅ကုလားပဲဖြူလုံးကြီးဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီး (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျနေပြီး တစ်ပိဿာကို ၇၃ဝဝဝဝ ကျပ်နဲ့ တစ်ပတ် အတွင်း တန် ၃၄၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ပြည်ပဝယ်လိုအားအခြေအနေပေါ်ကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၂၇ ကျပ်(တစ်တန်ကို ၆၉ဝ၁၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေသာမက ရန်ကုန်အဆွဲပါပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၁၁၃၁ ကျပ်(တစ်တန်ကို ၆၉၂၆၁၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေးဝယ်လက်နဲ့ ရန် ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိနေသလို ရောင်းသူကုန်သည်များ ကလည်းအဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ။် မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် က ဈေးချပြီးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁ဝ၈ဝ ကျပ်(တစ်တန်ကို ၆၆၁၃၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
