မုန်တိုင်းဒဏ် (၁၂) ကြိမ် ခံစားခဲ့ရသော်လည်း စပါးစိုက်ပျိုးဧရိယာများစွာ မပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဌာနက ထုတ်ပြန်ထား
မုန်တိုင်းဒဏ် (၁၂) ကြိမ် ခံစားခဲ့ရသော်လည်း စပါးစိုက်ပျိုးဧရိယာများစွာ မပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဌာနက ထုတ်ပြန်ထား ဖိလစ်ပိုင်က ယခုနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ် (၁၂) ကြိမ် ခံစားခဲ့ရသော်လည်း စပါးစိုက်ပျိုး ဧရိယာများစွာ မပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားတယ်။ ဖိလစ်ပိုင်က ပြည်တွင်းဆန်ဖူလုံအောင် ထုတ်လုပ်နိုင်ရေး အတွက် ဦးတည်ကြိုးစားနေတဲ့အလျောက် ယခုနှစ်မှာ ဆန်တန်ချိန် ၈၆ဝဝဝဝ သာ တင်သွင်းဖို့ ရည်မှန်းထားတယ်။ ၎င်း ပမာဏက ၂ဝ၁ဝ ခုနှစ်က တင်သွင်းတဲ့ ပမာဏအောက် တန်ချိန် ၁ ဒသမ ၃ သန်းလျော့နည်းတယ်။ ဖိလစ်ပိုင်အစိုးရက ဆန်တင်သွင်းမှုအပေါ် လက်ရှိ အကောက်ခွန် ၄ဝ ရာခိုင်နှုန်းကောက်ခံမှုကို လျှော့ချဖို့နဲ့ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် (NFA) ကို ဆောင်ရွက် ခွင့်ပေးထားတဲ့ ဆန်တင်သွင်းခွင့်နဲ့ ထိန်းချုပ်ခွင့် အာဏာ ကို ဖယ်ရှားလိုက်ဖို့ စဉ်းစားလျက်ရှိတယ်လို့ သိရတယ်။(NFA) အနေနဲ့ ပြည်တွင်းလယ်သမားတွေထံမှ ဆန်ဝယ်ယူရေးနဲ့ ပြည် တွင်းဆန်သိုလှောင်ထားမှု ထိန်းသိမ်းရေးကိုသာ ဆောင်ရွက် တော့မှာဖြစ်တယ်။ ဆန်တင်သွင်းသူတွေနဲ့ ကုန်သည်တွေ ကလည်း ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံခြင်းက ပြည်တွင်းဆန်ဈေးကို မြင့်မားစေပြီး သွင်းကုန်ခွန်လျှော့ချပေးဖို့ အစိုးရအား တောင်းဆိုထားကြောင်း သိရပါတယ်။ ပပ၊Source:oryza.com
