ပြောင်း

ပြောင်းစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်      ယခု          ပြောင်းလဲမှု၁ တောင်ကြီး           ၁ ပိဿာ    ၂၃၅        ၂၄၅၂ လားရှိုး               ၁ ပိဿာ    ၂၈၅         ၂၈ဝ၃ မူဆယ်               ၁ တန်    ၂ဝ၈၁၂၅   ၂ဝ၈၆၄၈၄ မန္တလေး              ၁ ပိဿာ     ၂၆၉       ၂၇၈၅ မြင်းခြံ                ၁ ပိဿာ      ၂၆ဝ      ၂၆၅၆ ဟင်္သာတ            ၁ ပိဿာ      ၂၅ဝ      ၂၅ဝ၇ ရေစကြို             ၁ ပိဿာ        ၂၅ဝ     ၂၅ဝပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အား ပုံမှန်ရှိ                  တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ် လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များပါ ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၅ဝဝဝဝ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်အဆွဲပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၈၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာတော့ တရုတ် ဘက်က တရုတ်ယွမ်ငွေဈေးကျဆင်းနေတဲ့အပေါ် တွက်ချက်ဝယ်ယူ မှုတွေရှိလာသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်း နည်း နေတယ်လို့ဆိုပါတယ။် မြင်းခြံဈေးကွက် မှာ ပြောင်းကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၂၆၅ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝ မှ ၂ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်း ကိုတရုတ်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာကို ၂၇၈ ကျပ်နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။