ကုလားပဲဖြူလုံးကြီး
ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၁၉၂ ၁၁၈၇၂ မန္တလေး ၁ ပိဿာ ၁၁၂၇ ၁၁၃၅၃ မုံရွာ ၁ ပိဿာ ၁၁၃၂ ၁၁၂၆၄ ပခုက္ကူ ၁ ပိဿာ ၁ဝ၈ဝ ၁၁၅၂၅ မြင်းခြံ ၁ ပိဿာ ၁၁၁ဝ ၁၁၃ဝ၆ ရေစကြို ၁ ပိဿာ ၁၁ဝ၅ ၁၁ဝ၅ကုလားပဲဖြူလုံးကြီးဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၇၂၇ဝဝဝ ကျပ်နဲ့ တစ်ပတ်အ တွင်း တန် ၁၁၅ ခန့်သာ အဝယ်ရှိခဲ့ကြောင်း သိရပါတယ။် မန္တလေး ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အရည်အသွေးကောင်းတာကို ရန် ကုန်အဆွဲများပြီး အရည်အသွေးအသင့်အတင့်ရှိတာကို ပဲခွဲစက် များက ဝယ်အားပါပုံမှန်ရှိခဲ့ကြောင်းသိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို အနိမ့်ဆုံး ၁၁၃၅ ကျပ်(တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)မှ အမြင့်ဆုံးတစ်ပိဿာကို ၁၁၇ဝ ကျပ် (တစ်တန်ကို ၇၁၆၄၉၆ ကျပ်)အတွင်း နေ့စဉ်အိတ် ၆ဝဝ မှ ၈ဝဝ ကြားအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၅၂ ကျပ်(တစ်တန်ကို ၇ဝဝ၄၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ဆိုပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ဈေးကွက်စဖွင့်ချိန်မှာ ရန်ကုန်-မန္တလေးအဆွဲဈေးပေးအဝယ်ရှိပေ မယ့်နောက်ပိုင်းမှာ ဈေးချပြီး အဝယ်ရှိတာကြောင့်ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ သွားတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၂၆ ကျပ် (တစ်တန်ကို ၆၈၉၅၅၁ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
