ကုန်တင်မတက်-ခါလီတက်တဲ့ မူဆယ်-မန်း ကုန်တင်ယာဉ်များ
ကုန်တင်မတက်-ခါလီတက်တဲ့ မူဆယ်-မန်း ကုန်တင်ယာဉ်များ မူဆယ်-မန်းပြေးဆွဲသည့် ကုန်တင်ယာဉ်များမှာ ယခုရက်ပိုင်းတွင်း ဈေးမကိုက်၍ အတက်တွင် ခါလီ(ကုန်မပါ)တက်၍ အဆင်းကုန် များဖြင့်သာပြန်ဆင်းလာရကြောင်း၊ စိန်ထိပ်တန်းသီးနံှနှင့် ကုန်စည်ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးကပြောပါတယ်။ ''ဒီရက်ပိုင်းမှာ အတက်ကုန်ဈေး က တစ်ပိဿာကို ၂၇ ကျပ်၊ ၂၈ ကျပ်ထိ ပြုတ်ကျတယ်။ ကုန်ထွက်တာလည်းနည်းတော့ ကုန်တင်ပြီးတက်မယ်ဆို ပိုပြီးရှုံးတယ်။ အတက်ကုန် နည်းနည်းနဲ့တက်ရင် လမ်းမှာတန်ဆာခ ပေးရတာနဲ့ ကားလေးတော့ အချိန်လည်းကြန့်ကြာတယ်။ အခန့်မသင့်လို့ ကားဘီးပေါက်ရင် ဘီး တစ်လုံးကို ၃သိန်း၊ ၄ သိန်းလောက်ကုန်ဦးမယ်။ ဒါကြောင့် ကုန်မတင်ဘဲနဲ့ ခါလီတက်ရင် ဆီဖိုးပဲကုန်မယ်။ အဆင်းကုန်ရတဲ့ပေါ် မူတည်ပြီး သွားရတယ်။ အဆင်းကုန် ကျန်ချင်သလောက် ကျန်ကျန် ဆင်းခိုင်းရတယ်''လို့ ကိုစန်းနိုင်ဦးက ပြောပါတယ်။ အတက်ကုန်များမှာ အဓိကတက်ကုန်များဖြစ်တဲ့ ပြောင်း၊ ပဲအတက်နည်း၍ အတက် တန်ဆာခဈေးနှုန်းထိုးကျလာကြောင်း သိရပါတယ်။ အဆင်းကုန်များတွင် မြေဆီနဲ့ လူသုံးကုန်ပစ္စည်းများ အဓိကဆင်းပြီး၊ အဆင်းကုန်ဈေး အတက်၊ အကျဖြစ်နေကြောင်း သိရပါတယ်။ ယခု တစ်ပတ် အဆင်းကုန်ဈေးနှုန်းမှာ ကြယ်ဂေါင်မှဆင်းလျင် တစ်ပိဿာ ၇ဝ ကျပ်ဝန်းကျင်၊ ၁ဝ၅ မိုင်မှဆင်းလျင် တစ်ပိဿာ ၆ဝ ကျပ်ပတ် လည်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
