ပုသိမ်-ရန်ကုန် ယူနီဗာဆယ်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းသစ် တိုးခဲျ့ပြေးဆွဲလျက်ရ

ပုသိမ်-ရန်ကုန် ယူနီဗာဆယ်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းသစ် တိုးခဲျ့ပြေးဆွဲလျက်ရ                  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့သို့ နေလဝင်း၊ မြင့်၊ စိုးအေး၊ ချမ်းမြေ့အေး၊ နိုင်အောင်ကျော်၊ နဝရတ်၊ ရွှေမန်းသူ ခရီးသည်ပို့ဆောင်ရေးကားဂိတ်များမှ နေ့စဉ် နံနက် ၄းဝဝ နာရီမှ ညနေ ၃းဝဝ နာရီအထိ ပုသိမ်-ရန်ကုန်ခရီးစဉ်ကို ပြေးဆွဲလျက်ရှိနေပါတယ်။                            ခရီးသွားများပိုမို၍ အဆင်ပြေစေရန် ဒေသခံလုပ်ငန်းရှင်မှ ပုသိမ်-ရန်ကုန် ခရီးစဉ်အတွက် ''ယူနီဗာဆယ်'' ခရီး သည်ပို့ဆောင်ရေး ယာဉ်လိုင်းသစ် တိုးခဲျ့ဖွင့်လှစ်ပြီး ၄၉ ယောက်စီး အဲယားကွန်း လေအိတ်ကားများနဲ့ ၂ဝ၁၁ ခုနှစ် သြဂုတ် ၂၂ ရက်မှစတင်၍ ပုသိမ်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲလျက်ရှိပါတယ်။ ယူနီဗာဆယ်ယာဉ်လိုင်းသစ်မှလည်း ပွင့်လင်းရာသီတွင် ပုသိမ်-ဟင်္သာတ ခရီးစဉ်နှင့် ရန်ကုန်-ပုသိမ်-ချောင်းသာခရီစဉ်များကိုလည်း ထပ်မံတိုးခဲျ့ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး