အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယားရဲ့ဝယ်လိုအားက မြင့်တက်နေတဲ့ ထိုင်းဆန်ဈေးကို ပိုမိုခိုင်မာစေ
အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယားရဲ့ဝယ်လိုအားက မြင့်တက်နေတဲ့ ထိုင်းဆန်ဈေးကို ပိုမိုခိုင်မာစေ ထိုင်းအစိုးရရဲ့ ကြားဖြတ်အစီအစဉ်အရ ဈေးတက်မယ့် ခန့်မှန်းချက်များနဲ့ နိုင်ဂျီးရီးယားက ဝယ်လိုအား အသစ် ထွက်လာခြင်းတို့က ယခုတစ်ပတ်အတွင်း ထိုင်းဆန်ဈေးဟာ ၁ နှစ်၊ ၁ နှစ်ခွဲအတွင်း အမြင့်ဆုံးကို တွန်းတင်ပေး နေတယ်လို့ ကုန်သည်များက သြဂုတ်လ ၃၁ ရက်နေ့က ပြောကြားပါတယ်။ တစ်ချိန်ထဲမှာ ဗီယက်နမ်နိုင်ငံကတော့ ဝယ်လက်များစောင့် ကြည့်တဲ့အနေအထားအရ သိုလှောင်လက်ကျန်တွေရှိနေတဲ့အတွက် ဈေးလျော့ကျစပြုလာတယ်လို့ဆိုပါတယ်။ ထိုင်း ၁ဝဝ မှတ်အဆင့်ဘီဆန်ဖြူဈေးဟာ ကန်ဒေါ်လာ ၆၁၅ ထိရှိလာလို့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကတော့ အမြင့်ဆုံး ကိုရောက်ရှိခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် ဧပြီလအတွင်းက အဲဒီဆန်ဈေးဟာ ကန်ဒေါ်လာ ၁ဝ၈ဝ ထိ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ နိုက်ဂျီးရီးယားကို ထိုင်းပေါင်းဆန်တန် ၁ သိန်းတင်ပို့ဖို့ရှိနေတာကလည်း ဈေးမြင့်တက်စေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးကဆိုပါတယ်။ အခြားဆန်ဈေးတွေ ဝယ်လိုအား ပါးနေပေမယ့် ပေါင်းဆန်ဝယ်လိုအား ကောင်းခြင်းက ဈေးနှုန်းကိုအထောက်အပံ့ပြုနေပါတယ်။မကြာသေးခင်ကအင်ဒိုနီးရှားကို ၁၅ မှတ်ဆန်တန်ချိန် ၃ သိန်းရောင်းချ ဖို့ စာချုပ်ချုပ်ဆိုခဲ့ခြင်းကလည်း ထိုင်းဆန်ဈေးအတွက် အကူအညီ ဖြစ်စေပါတယ်။ ထိုင်းနိုင်ငံက ယခုနှစ်မှာ ဆန်တန်ချိန် ၁ဝ သန်းအထိ တင်ပို့ဖို့မျှော်မှန်းထားပေမဲ့ ထိုင်းအစိုးရရဲ့ ကြားဖြတ် အစီအစဉ်အကောင်အထည်ဖော်မယ်ဆိုရင် နောက်နှစ်တွေမှာ တင်ပို့မှုကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။လမင်း၊Source: riceonline
