ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ်အစိုးရများ ဆန်တင်ပို့မှုနဲ့ ဈေးနှုန်းအပေါ် စဉ်းစားနိုင်တဲ့ ရွေးချယ်မှုများ

ထိုင်း၊ အိန္ဒိယနဲ့ ဗီယက်နမ်အစိုးရများ ဆန်တင်ပို့မှုနဲ့ ဈေးနှုန်းအပေါ် စဉ်းစားနိုင်တဲ့ ရွေးချယ်မှုများထိုင်း          ထိုင်းအစိုးရဟာ စပါးသစ်ကို တစ်တန် ကန်ဒေါ် လာ ၅ဝဝ ဝန်းကျင်နဲ့ စတင်ဝယ်ယူဖွယ်ရှိနေပါတယ်။ ထိုင်းအစိုးရ အနေနဲ့ အဲဒီဆန်တွေကို ဘာလုပ်မလဲဆိုတာ စဉ်းစားစရာပါ။ အစိုးရအနေနဲ့ ရွေးချယ်စရာများကို ခန့်မှန်းရမယ်ဆိုရင် ၎င်းအနေနဲ့ ဆန်ကိုလှောင်ထားပြီး ကမ္ဘာ့ဈေးမြင့်တက်ချိန်ထိ စောင့်ထားပြီးမှ ဈေးကွက်ကို ပြန်ရောင်းချနိုင်ပါတယ်။ ဒါမှ မဟုတ် အစိုးရအနေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို ထောက် ပံ့မှုပေးတဲ့အနေနဲ့ ဆန်တင်ပို့သူများ အခြားနိုင်ငံတွေနဲ့ ယှဉ် ပြိုင် ရောင်းချနိုင်တဲ့ဈေးနဲ့ ဆန်စက်လုပ်ငန်းရှင်များ ကြိတ်ခွဲ ရောင်းချနိုင်စေဖို့ ၎င်းဝယ်ယူထားတဲ့ ကန်ဒေါ်လာ ၅ဝဝအောက်လျှော့ပြီး၊ ပြည်တွင်းဆန်စက်လုပ်ငန်းရှင်တွေကို ရောင်းချ ပေးနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ပြည်တွင်းဆန်စက်များနဲ့အတူ ဆန်ကြိတ်ခွဲပြီး ၎င်းဝယ်ယူ ထားတဲ့ စပါးမှာဆုံးရှုံးမှုနည်းအောင် အစိုးရ အချင်းချင်း အစီအစဉ်နဲ့လည်း ရောင်းချနိုင်ပါတယ်။             ထိုင်းအစိုးရအနေနဲ့ ၎င်းရဲ့စပါးများ ပြန်ရောင်းချမယ့် အချိန်ကို ပြင်ပအခြေအနေ ၂ ရပ်ပေါ်မူတည်ပြီး ဆုံးဖြတ် ဖွယ် ရှိပါတယ်။ အဲဒါကတော့ အိန္ဒိယအစိုးရရဲ့ ဆန်တင်ပို့မှု အခြေ အနေဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ ကမ္ဘာ့ဆန်ဈေး မြင့်အောင် တွန်းပို့နေတဲ့ ထိုင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဗီယက်နမ် အစိုးရရဲ့ လှုပ်ရှားမယ့်လက္ခဏာများ ပဲဖြစ်ပါတယ်။အိန္ဒိယ       အိန္ဒိယအစိုးရအနေနဲ့ ဆန်တင်ပို့မှု ခွင့်ပြုရေး တရားရုံး ဆုံးဖြတ်ချက်ကို လာမယ့်သီတင်းတစ်ပတ် သို့မဟုတ် ၂ ပတ် အတွင်းမှာ ကျင်းပမှာဖြစ်ပြီး အစိုးရအနေနဲ့ ဇူလိုင်လက တင်ပို့ ခွင့်ပြုထားပြီး နောက်ထပ်ဆန်တင်ပို့ခွင့်မပြုခင် ကမ္ဘာ့ဆန်ဈေး အတက်အကျကို စောင့်ကြည့်မယ့်သဘောရှိနေပါတယ်။ နောက်ထပ် ရွေးချယ်နိုင်တာကတော့ လာမယ့်စပါးသစ် အတွက် သိုလှောင်ဖို့ သိုလှောင်ရုံရှင်းတဲ့အနေနဲ့ ဆန်ပိုမို တင်ပို့ခွင့်ပြုနိုင်တာပဲဖြစ်ပါတယ်။ အရင်တင်ပို့ခွင့်ပြုပြီးဖြစ်တဲ့ တန်ချိန် တစ်သန်းအပြင် နောက်ထပ်တန်ချိန် ၂ သန်းမှ ၄ သန်းအထိ တင်ပို့ခွင့်ပြုနိုင်ပါတယ်။ ဒါမှမဟုတ် ကမ္ဘာ့ ဈေးနှုန်းအခြေအနေ၊ အိန္ဒိယရာသီဥတုနဲ့ သီးနံှထွက်ရှိမှုကို စောင့်ကြည့်ရင်း နှစ်ကုန်တဲ့ တိုင် လစဉ် ဆန်တန်အနည်း ငယ်စီ တင်ပို့ခွင့်ပြုဖို့လည်း စဉ်းစားနိုင်ပါတယ်။ ဗီယက်နမ်             ဗီယက်နမ် အစိုးရအနေနဲ့ ဆန်ဈေးကြီးမြင့်မှုကြောင့် ဈေးကွက်ပြင်ပရောက်လုလုဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အခြေ အနေပေါ် အသုံးချပြီး ၎င်းရဲ့ရေရှည်ရည်မှန်းထားတဲ့ ဆန် တန်ချိန် ၁ဝ သန်းကျော်တင်ပို့ရေး အခွင့်အလမ်းကို အရယူ နိုင်ပါတယ်။ ဒါမှမဟုတ် ၎င်းရဲ့ ဆန်တင်ပို့မှု နောက်ထပ်ရာသီ သစ်တစ်ကြိမ် မစတင်မီ ဈေးဘယ်လောက် ထိမြင့်တက်မလဲ ဆိုတာစောင့်ကြည့်ဖို့ဆန်တင်ပို့မှုကို နှေးကွေးထားနိုင်ပါတယ်။ ထိုင်းနဲ့ မတူတာကတော့ ဗီယက်နမ် အစိုးရမှာ ဆန် အမြောက်အမြား သိုလှောင်နိုင်တဲ့ အင်အားမရှိသလို အခြေခံ အဆောက်အဦးများမရှိခြင်းဘဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာတော့ ဗီယက်နမ်တစ်နှစ်ပတ်လုံး စပါးထုတ်လုပ်ခြင်းနဲ့ အစိုးရရဲ့ ပုံမှန်ဝယ်လက်များဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့ကို ကြိုရောင်းဖို့ ဒါမှမဟုတ်လက်ငင်းရောင်းတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဆောင်ရွက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။              ဆန်ဈေးကွက်အပေါ် ကြီးကြီးမားမားထိခိုက်စေနိုင်တဲ့ နောက် အချက်တစ်ခုကတော့ ထိုင်းအစိုးရရဲ့ အစီအစဉ် သစ်အရ ထိုင်းအစိုးရကို တရားမဝင်ရောင်းချမယ့် ဆန် ပမာဏဘယ်လောက်ရှိမလဲဆိုတဲ့ အချက်ပါပဲ။ သိသာ ထင် ရှားမှုအနေနဲ့ ထိုင်းအစိုးရအနေနဲ့ ကမ္ဘာ့နဲ့အဝန်း ဈေး အမြင့်ဆုံးနဲ့ စပါးဝယ်ယူမှာဖြစ်လို့ ထိုင်းနိုင်ငံက လုပ်ငန်းရှင် များဟာ ဘယ်နေရာကမဆို စပါးရယူသွားနိုင်ပါတယ်။ အဲဒီပမာဏအနည်းအများဟာ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက် အစီအစဉ်ကို ထိခိုက်ဖွယ်ရှိခြင်းပဲလို့ဆိုပါတယ်။ လမင်း၊Source:oryza.com