ထိုင်ဝမ်(ကုလားပဲ)
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈၉၈ ၈၉၈၂ မကွေး ၁ ပိဿာ ၈၅၅ ၈၆၅၃ ပခုက္ကူ ၁ ပိဿာ ၈၄ဝ ၈၆၈၄ မုံရွာ ၁ ပိဿာ ၈၁၆ ၈၄၂၅ အောင်လံ ၁ ပိဿာ ၈၅ဝ ၈၇ဝ၆ မြင်းခြံ ၁ ပိဿာ ၈၇၅ ၈၇၅၇ ရေစကြို ၁ ပိဿာ ၈၆ဝ ၈၆ဝ၈ ပြည် ၁ ပိဿာ ၈၃ဝ ၈၇ဝထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်များ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမားများက တစ်ပိဿာကို ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ကုလား ပဲကို မြို့ခံပဲခွဲစက်များ၊ အမှုန့်ကြိတ်စက်များအပြင် မြို့ပေါ်လက်လီပြန်လည်ရောင်းချမည့်သူများပါ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လ် ာကြောင်း သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မကွေး ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက ပုံမှန်အဝယ်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ ထုတ်ရောင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက ပစ္စည်းဝယ်ယူမှု ဖြည့်တင်းတဲ့အနေနဲ့ ဝယ်အား များခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆ဝ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၈ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
