ကုန်စည်ဒိုင်သုံးသပ်ချက်

ကုန်စည်ဒိုင်သုံးသပ်ချက်                  မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန် ဈေး ကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး တဖြည်းဖြည်း မြင့်တက်လာတာရယ်၊ ပြည်ပဝယ်လိုအားကလည်း ပုံမှန်ရှိ နေတာရယ်အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး ၊ပြည်၊ မုံရွာ နဲ့ဟင်္သာ တမှာ ဈေးမြင့်လာကြောင်း တွေ့ရ ပါတယ်။                      ပဲတီစိမ်း(အညာ) ကိုတရုတ်ဝယ်လက်က ဝယ်အားသွက် လာတာကြောင့် မုံရွာ၊ မန္တလေး၊ ပြည်၊ အောင်လံ၊မကွေးနဲ့ မြင်းခြံ မှာ ဈေးမြင့် လာကြောင်း သိရပါတယ်။                       ပဲစင်းငုံနီကို အိတ်စ်ပို့ ဝယ်လက်တွေက ဒေါ်လာဈေး မြင့်လာတဲ့အပေါ် ဈေးတိုးပေးပြီးအဝယ်ရှိသလို ဝယ်အားပါ များ လာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနှင့် မကွေးမှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။                      ကုလားပဲဖြူလုံးကြီးကို အိတ်စ်စပို့အဆွဲပုံမှန်ရှိပေမဲ့ ပြည်တွင်း ဝယ်လိုအားနည်းသွားတာကြောင့် မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးအနည်းးငယ်ကျလာကြောင်း တွေ့ရပါတယ်။                        ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်နဲ့ အမှုန်ကြိတ်စက်သမားများ ဝယ်အားပုံမှန်ရှိတာကြောင့် မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံနဲ့ ပြည်မှာ ဈေးမြင့်နေပြီး မန္တလေးနဲ့ မြင်းခြံမှာ ဈေးငြိမ်နေ ကြောင်း တွေ့ရပါတယ်။                        ပြောင်းကို  အိတ်စပို့ဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊လားရှိုး၊မူဆယ်၊ မန္တလေး၊ မြင်း ခြ၊ံဟင်္သာ တနေဲ့ ရစကြိုမှာ ဈေးမြင့်နေကြောင်း တွေ့ ရပါတယ။်                        နှမ်းဖြူကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိနေသလို ဝယ်အားပါသွက်လာတာကြောင့် မန္တလေး၊ မကွေး၊ မုံရွာ၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးမြင့်လာကြောင်း တွေ့ရ ပါတယ်။                        သိပ္ပံနှမ်းကို ရန်ကုန်အဆွဲသွက်လာတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။