အိန္ဒိယက ဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုလိုက်ခြင်းက ဆန်ဈေးနှုန်းမြင့်မားမှုကို ထိန်းသိမ်းနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းကြ

အိန္ဒိယက ဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုလိုက်ခြင်းက ဆန်ဈေးနှုန်းမြင့်မားမှုကို ထိန်းသိမ်းနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းကြ          စက်တင်ဘာလဆန်းမှစပြီး အာရှဆန်ဈေးတွေ နေ့စဉ်လိုလို မြင့်မားလာခဲ့ရာ စက်တင်ဘာလ ဒုတိယပတ်မှာ လည်း ဈေးနှုန်းဆက်လက်အားကောင်းလာတယ်။ ကမ္ဘာ့ကောက်ပဲသီးနှံတွေ ဝယ်လိုအား မြင့်မားနေခြင်း၊ ထိုင်းအစိုးရသစ်က စပါး ဈေးမြှင့်တင်ပေးမည့်အပေါင်ခံမယ့် အစီအစဉ်သစ်ကို သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၁ ရက်ထက် ကြိုတင်အကောင် အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ခြင်းတို့ကြောင့် ထိုင်းဆန်ဈေးတွေ ထူးထူးခြားခြား မြင့်မားသွားခဲ့ပြီး ဗီယက်နမ်နဲ့ ပါကစ္စတန် ဈေးနှုန်းတွေပါ မြင့်မားလာတယ်။ ဒါပေမဲ့ အိန္ဒိယက ဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုလိုက်ခြင်းက ဆန်ဈေးနှုန်းမြင့်မားမှုကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်စေလိမ့်မယ်လို့ ကုန်သည်တွေက ခန့်မှန်းကြတယ်။ ပပ၊ Source:online.wsj.com, Bloomberg.com