ထိုင်းဆန်အပေါင်ခံအစီအစဉ်မှာပါဝင်မယ့်လယ်သမား ၂ သန်းမှ ၄ သန်းခန့် မှတ်ပုံတင်ပြီး
ထိုင်းဆန်အပေါင်ခံအစီအစဉ်မှာပါဝင်မယ့်လယ်သမား ၂ သန်းမှ ၄ သန်းခန့် မှတ်ပုံတင်ပြီး ထိုင်းနိုင်ငံ စပါးစိုက်ပျိုးသူရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လယ်သမား ၂ သန်းမှ ၄ သန်းခန့်ဟာ ပြူထိုင်း ပါတီအစိုးရ ရဲ့ ဆန် အပေါင်ခံအစီအစဉ်မှာပါဝင်ဖို့ မှတ်ပုံတင်ထားပြီးပြီလို့ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမများဘဏ် (BAAC) မန်နေဂျာ Luck Wajananawat က ပြောကြားပါတယ်။ ဆန်အပေါင်ခံအစီအစဉ်ကို စပါးရိတ်သိမ်းရာသီ ဝင်မယ့် အောက်တိုဘာ ၇ ရက်မှာ စတင်မယ်လို့ နိုင်ငံတော် ဆန်မူဝါဒကော်မတီကအတည်ပြုပြီးနောက်မှတ်ပုံတင်စာရင်း သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ အမှန်တကယ်စိုက်ပျိုးတဲ့ မြေဧရိယာ ကို စစ်တမ်းကောက်ယူမှုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အစိုးရအေဂျင်စီများနဲ့ ဆက်စပ်နေတဲ့ ကိုယ်စားလှယ်များဟာ အမှန်တကယ်ဆန်ထုတ်လုပ်မှုအရ ၎င်းင်းတို့ပေါင်မယ့် ဆန်ရဲ့ ပမာဏကို တရားဝင်အထောက်အထားနဲ့ ဖော်ပြရမယ်လို့သိရပါတယ်။၎င်းင်းတို့ဆန်များ အစိုးရကိုအပေါင်ထားပြီး အထောက် အထားများဘဏ်ကိုတင်ပြပြီး ၃ ရက်အတွင်း လယ်သမားများကို BAAC မှ ချေးငွေထုတ်ပေးသွားမယ်လို့ Mr Luck က ပြောကြားပါတယ်။ ထိုင်းနိုင်ငံနေရာအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ ပေမဲ့ ယခုနှစ်ရိတ်သိမ်းရာသီမှာ ဆန်တန်ချိန် ၂၅ သန်း ဝန်းကျင် ထွက်ရှိမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်း ထားပြီး ရေလွှမ်းမိုးမှုကြောင့် ရေစိုတဲ့စပါးများ ရိတ်သိမ်းရာမှာ ဈေးနှုန်းကျဆင်းမှာကို တောင်သူတွေ သတိထားနေကြ တယ်လို့ဆိုပါတယ်။ ဆန်အပေါင်ခံတဲ့ အစီအစဉ်အတွက် အသုံးစရိတ် ဘတ် ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ) ကို ၂ ပိုင်းခွဲသွားမယ်လို့ BAAC မန်နေဂျာက ဆိုပါတယ်။ လမင်း၊ Source: riceonline
