ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁၀၀၀ ၁၀၂၆ ၂ မန္တလေး ၁ ပိဿာ ၉၉၆ ၁၁၂၀ ၃ ပြည် ၁ ပိဿာ ၇၂၅ ၇၂၅ ၄ မကွေး ၁ ပိဿာ ၈၁၆ ၉၂၁ ၅ မြင်းခြံ ၁ ပိဿာ ၇၉၅ ၈၇၀ ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ မန္တလေးဈေးကွက်တွင် ပဲတီစိမ်းထိပ်စနဲ့ အလတ်စကို အရည်အသွေးပေါ်မူတည်ပြီး တရုတ်ဝယ်လက်ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာကို ၁၁၂၀ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)၊ လတ်စ တစ်ပိဿာ ကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်ကြီးတစ်ဦးက သိရ ပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်က ငွေဈေး မြင့်လာမှု အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာကို ၁၀၂၆ ကျပ်(တစ်တန် ကို ၆၂၈၃၁၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှာ ပဲတီစိမ်းအဝင်ပါးလာသလို ရန်ကုန်ဝယ် လက်ကလည်း အရည်အသွေးကိုစိစစ်ပြီး ဝယ်ယူနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်) နဲ့ တစ်ပတ်လုံး အိတ် ၅၀၀ ခန့်သာဖြစ်ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ် အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် များက ဆိုပါတယ်။
