တရုတ်အဝယ်သွက်နေတဲ့ နှမ်းဖြူ
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂၀၄၅ ၂၁၁၂တရုတ်အဝယ်သွက်နေတဲ့ နှမ်းဖြူ မန္တလေးဈေးကွက်တွင် နှမ်းဖြူက ဈေးကွက်သို့အဝင်များလာသလို တရုတ်ဝယ်အားကလည်း သွက်နေတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း နှမ်းဖြူအဝင်ရှိသလောက် တရုတ်အဆွဲရှိနေတာကြောင့် ဈေးအေးမသွား ဘဲဆက်ပြီး အရောင်းအဝယ်အားကောင်းနေဦးမယ်လို့ နှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ (ဂျပန်) ကတစ်ပိဿာ ၁၄၈၉ ကျပ်(တစ်တန်ကို ၉၁၁၈၄၈ ကျပ်) နှမ်းဖြူ (ရိုးရိုး) ကတစ်ပိဿာ ၁၄၄၄ ကျပ်(တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာဈေးကွက် မှာ နှမ်းဖြူကို မန္တလေးဝယ်လက်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၀၀ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ဆိုပါတယ်။ မကွေးဈေးကွက်မှာ ခြုံကျော်နှမ်းဖြူကို မန္တလေးဝယ်လက်အကြိုက် တွေ့ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၅၁၂ ကျပ်(တစ်တန်ကို ၈၂၅၉၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်များက ဆိုပါတယ်။အောင်လံဈေးကွက်မှာ သိပ္ပံနှမ်း ကိုရန်ကုန်ဝယ်လက်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးကောင်းပေးဝယ်တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၁၁၂ကျပ်(တစ်တန်ကို ၁၂၉၃၃၆၈ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
