မန္တလေး-မူဆယ် သယ်ယူစရိတ်များ မြင့်တက်လာ
မန္တလေး-မူဆယ် သယ်ယူစရိတ်များ မြင့်တက်လာ ယခုအပတ် မန္တလေးမူဆယ် ကုန်သယ်ယူစရိတ်များသည် ယခင်အပတ်ကထက် ၁၂ ကျပ်မှ ၁၄ ကျပ်ထိ မြင့်တက် လာတာ တွေ့ရပါတယ်။ အာဆီယံကုန်တန်ချိန် သတ်မှတ်ချက်ထက် တန်ပိုတင်ဆောင်မှုများကို ပြန်လည် စိစစ်နေတဲ့အတွက်လို့ သိရပါတယ်။ ယခုအပတ် ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့နဲ့ ရော်ဘာ ၁ ပိဿာကို သယ်ယူစရိတ် မှာ ၄၀ ကျပ်ဖြစ်ပြီး ယခင်အပတ်က ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့ ၁ ပိဿာ ၂၆ ကျပ်နဲ့ ရော်ဘာ ၁ ပိဿာ ၂၈ ကျပ် သာရှိပါတယ်။ ဒါကြောင့် ပဲတီစိမ်းနဲ့ ပြောင်းသယ်ယူစရိတ်မှ ၁ ပိဿာ ၁၄ ကျပ်နဲ့ ရော်ဘာ ၁ ပိဿာ ၁၂ ကျပ် ပိုမိုလာတာဖြစ်ပါတယ်။ ဇွန်လမှာ ကုန် ၁ ပိဿာကို ၄၈ ကျပ်မှ ၅၀ ကျပ်ဖြစ်ခဲ့ပြီး ဇူလိုင်လမှာတော့ ပဲတီစိမ်း ၁ ပိဿာကို ၃၄ ကျပ်မှ ၄၈ ကျပ်၊ ပြောင်းဖူးစေ့ ၁ ပိသာကို ၃၃ ကျပ်မှ ၄၂ ကျပ်၊ ရော်ဘာ ၁ ပိဿာကို ၃၆ ကျပ်မှ ၄၆ ကျပ်၊ သြဂုတ်လမှာ ပဲတီစိမ်းနဲ့ ပြောင်း ၁ ပိဿာကို ၃၅ ကျပ်မှ ၂၇ ကျပ်နဲ့ ရော်ဘာ ၁ ပိဿာကို ၃၇ ကျပ်မှ ၂၈ ကျပ်ထိရှိခဲ့ပြီး စက်တင်ဘာလဆန်းပိုင်း (ယခင်အပတ်)မှာတော့ သြဂုတ်လနောက်ဆုံးပတ် သယ်ယူပို့ဆောင်စရိတ်အတိုင်း ပြောင်းလဲမှုမရှိခဲ့ဘဲ ယခုအပတ်မှာ ဈေး ပြန်မြင့်လာတာပဲဖြစ်ပါတယ်။ MIRT(DOBT)
