ရန်ကုန်-မန္တလေး ယာဉ်လိုင်းသစ် တိုးချဲ့ ပြေးဆွဲမည်
ရန်ကုန်-မန္တလေး ယာဉ်လိုင်းသစ် တိုးချဲ့ ပြေးဆွဲမည် ခိုင်မန္တလေး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ စက်တင်ဘာ ၈ ရက်မှစ၍ ရန်ကုန်-မန္တလေးယာဉ်လိုင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရပါတယ်။ ခိုင်မန္တလေး အဆင့်မြင့်ခရီးသည ်ပို့ဆောင်ရေးယာဉ်လိုင်းတွင် ဂျပန်နိုင်ငံထုတ် အဆင့်မြင့် Express လေအိတ်ကားများဖြင့်ပြေးဆွဲပြီး ထူးခြားမှုမှာ ခရီးသည်များ သက်သောင့်သက်သာ ဖြင့် စီးနင်းနိုင်ရန် ခြေဆန့်လက်ဆန့် လိုက်ပါစီးနင်းနိုင်ရန် ခုံများလျှော့ထားကြောင်း သိရပါတယ်။ ခိုင်မန္တလေးယာဉ်လိုင်းပိုင်ရှင် ကိုကျော်ခိုင်ဝင်းမှ "ဖွင့်ပွဲကာလ စက်တင်ဘာ ၈၊ ၉၊ ၁၀၊ ၁၁ ရက်မှာ စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေကို ကားတစ်စီးမှာ LCD TV တစ်လုံး မဲဖောက်ပေးမယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အသုံးပြုနိုင်မယ့် Discount Card လည်း ပေးမယ်။ လက်မှတ်ခက တစ်ဦးကို ၁၀၄၀၀ ကျပ်နဲ့ ခရီးသွားအာမခံ ကြေး ထည့်ထားပေးမယ်။ ၂၀၁၂ မတ်လ ဆွီဒင်နိုင်ငံထုတ်ကားတွေရောက်ရင် တိုးပြီးပြေးဆွဲမယ်။ မိုးတွင်းကာလ ခရီးသည်ပါးချိန်မှာ Promotion ပေးသလို သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ သြင်္ကန်ကာလမှာလည်း Promotion ပြုလုပ်ပေးမယ်'' လို့ ပြောပါတယ်။ ခိုင်မန္တလေးယာဉ်လိုင်းမှ စက်တင်ဘာ ၈ ရက်မှစ၍ မော်တော်ယာဉ် ခုနစ်စီးဖြင့် ည ၈ နာရီနဲ့ ၉ နာရီအချိန်မှာ စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ ခိုင်မန္တလေးမော် တော်ယာဉ်တွင် စီးနင်းလိုက်ပါလိုပါက မန္တလေးမြို့ ကျွဲဆည်ကန်ကားကြီးကွင်း အခန်းအမှတ် ၉ တွင်လည်းကောင်း၊ ရန်ကုန်မြို့၌ အောင်မင်္ဂလာအဝေးပြေးကားကွင်း (က)ဆောင်၊ အမှတ်-F-11 ဖုန်း-၀၂-၇၈၉၅၉၊ ၀၉၄၇ ၀၇၉၄၆၆ တို့တွင် လက်မှတ်များမှာယူနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
