မတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုများလာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၆၀၈၀၀၀ ၆၂၈၀၀၀၂ မုံရွာ ၁ ပိဿာ ၉၀၀ ၁၀၂၅၃ ပြည် ၁ ပိဿာ ၈၇၅ ၁၀၀၀၄ ဟင်္သာတ ၁ ပိဿာ ၉၁၅ ၉၈၅၅ မန္တလေး ၁ ပိဿာ ၈၆၇ ၉၅၀မတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုများလာ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေး အတက်အကျအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန် ကို ၆၂၈၀၀၀ ကျပ်မှ ၆၇၆၅၀၀ ကျပ်အတွင်း တန်ချိန် ၁၁၂၂၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာ ဒေါ်လာဈေးက အတက်အကျမြန်နေသလို ပဲဈေးကလည်း လှုပ်နေ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲနည်းပေမယ့် မြို့ခံစက်သမားတွေသာ ဝယ်အားပုံ မှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ပြည်ဈေးကွက် မှာ ဒီတစ်ပတ်မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်ပါးနေပြီး လက်ကျန်ပဲများကိုသာ ရန်ကုန်ဝယ်လက်က အဆွဲများလာသလို ရောင်းလက် ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆို ပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ် လက်က ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး မြင့်လာမှုအ ပေါ် အကြောင်းပြုပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ။် အရောင်း အဝြယ်ဖစ်မှု က တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်) နဲ့ နေ့စဉ် အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
