တရုတ်နိုင်ငံစိုက်ပျိုးရေးသိပ္ပံပညာရှင်များ စပ်မျိုးစပါးနဲ့ ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်လာ

တရုတ်နိုင်ငံစိုက်ပျိုးရေးသိပ္ပံပညာရှင်များ စပ်မျိုးစပါးနဲ့ ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်လာ                    တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးသိပ္ပံပညာရှင်ခေါင်းဆောင် Yuan Longping  ဟာ ယူနန်ပြည်နယ်မှာ တစ်ဟက်တာစပါး ၁၃ ဒသမ ၉ တန်ထွက်ရှိတဲ့ နောက်ဆုံးအဆင့်မြင့် စပ်မျိုးစပါးနဲ့ ၎င်းရဲ့တတိယမြောက် ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်လာခဲ့ပြီး စပ်မျိုး စပါးသုတေသနနဲ့ပတ်သက်လို့ ဦးဆောင်နိုင်ငံအဖြစ်လည်း နိုင်ငံဂုဏ်ဆောင်ခဲ့ တယ်လို့ တရုတ်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။ ၎င်းအသစ်ထုတ်တဲ့ မျိုးစပါးဟာ ၂၀၁၂ ခုနှစ် မှာ တစ်ဟက်တာကို စပါး ၁၃ ဒသမ၅ တန်နှုန်းထွက်ရှိနိုင်ပြီး ၂၀၂၀ မှာ ၁၅ တန်ထိ တိုးတက်ထွက်ရှိမယ်လို့ ကတိပြုပြော ကြားကြောင်းလည်း သိရပါတယ်။                   Longping ရဲ့ နောက်ဆုံးသုတေသနပြုထားတဲ့   Dh 2525  (သို့မဟုတ်) Y Superior No.2 စပါးမျိုးဟာ စပါးမျိုးစိတ်အမျိုးမျိုးမှ မွေးထုတ်ထားကြောင်းလည်းသိရပါတယ်။ စက်တင်ဘာ ၁၈ ရက်က စိုက်ပျိုးရေးဝန်ကြီး ဌာနမှ ကျွမ်းကျင်ပညာရှင်များဟာ စမ်းသပ်လယ်ကွင်းများက နမူနာ အကွက် ၃ ကွက်ကို ရိတ်သိမ်းခဲ့တယ်လို့သိရပါတယ်။                      ယခုလို အထွက်နှုန်းမြင့်တဲ့ စပါးထုတ်လုပ်ဖို့ အလွန် ခက်ခဲကြောင်း၊စပါးအထွက်နှုန်းတိုးဖို့ အရည်အသွေး ကောင်းတဲ့မျိုးစေ့များ၊ တိုးတက်တဲ့စိုက်ပျိုးရေးနည်းစနစ်များနဲ့ မြေဆီ လွှာကောင်းမွန်တဲ့ လယ်မြေများလိုအပ်တယ်လို့  Yuan က  စက်တင်ဘာ ၁၉ ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ Longping  သုတေသနအဖွဲ့ဟာ ၂၀၀၀ ခုနှစ်မှာ တစ်ဟက်တာစပါးအထွက်တန်ချိန် ၁၀ ဒသမ ၅ နဲ့ ပထမအကြိမ် ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာလည်း တစ်ဟက်တာ ၁၂ တန်နှုန်းအထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့လို့ ဒုတိယအကြိမ်မှတ်တမ်း ဝင်ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ်စပါးဟက်တာ ၂၉ သန်းမှ တစ်ဟက် တာ ပျမ်းမျှ စပါး ၆ ဒသမ ၃ တန်နှုန်းထွက်ရှိတယ်လို့ တရုတ် နိုင်ငံတော် စာရင်းအင်းဗျူရိုစာရင်းများအရသိရပါတယ်။ ၂၀၁၀ ခုနှစ်မှာ စုစုပေါင်းစပါးစိုက် ဧရိယာရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးကို အဆင့်မြင့်စပ်မျိုးစပါးနဲ့ ထုတ်လုပ်ခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကဆိုပါတယ်။ ယခုလိုအထွက် တိုးလာခြင်းအားဖြင့် နိုင်ငံအတွင်း ပြည်တွင်းဖူလုံမှုအတွက် စိတ်ချရသလို ကမ္ဘာနဲ့အဝှမ်း ဆင်းရဲမှု လျှော့ချရာမှာလည်း အကူ အညီဖြစ်စေနိုင်ပါတယ်လို့ သုတေသနပညာရှင်Lu Bu  ကလည်းပြောကြားပါတယ်။                   ဒါပေမဲ့ ပြောင်းလဲနေတဲ့အခြေအနေများနဲ့ တတ်ကျွမ်း တဲ့ ပညာရှင်နည်းပါးခြင်းတို့ကတော့ ကမ္ဘာ့ ဆင်းရဲငတ်မွတ်မှု ကို ကုစားရာမှာ အချိန်ပိုယူရလိမ့်မယ်လို့ သုတေသနပညာရှင် များက ဝန်ခံပြောကြားကြောင်း သိရပါတယ်။ လမင်း၊Source: chinadaily