ထိုင်းမူဝါဒနဲ့ ဈေးနှုန်း
ထိုင်းမူဝါဒနဲ့ ဈေးနှုန်း အာရှနိုင်ငံများကအစိုးရများဟာ ဆန်ကဲ့သို့သော အဓိက စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ အထူးအလေးထား စောင့်ကြည့် လျက်ရှိနေပါတယ်။ ပြည်တွင်းဈေးနှုန်းနဲ့ ကမ္ဘာ့ဈေးကွက်မှာ ဆန်ရရှိနိုင်မယ့် ပမာဏတွေကို အကဲ ခတ်လျက် အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံကို အာရုံစိုက်နေ ကြပါတယ်။ ထိုင်းအစိုးရက ဈေးကွက်ပေါက်ဈေးထက် ပိုမိုမြင့်မားတဲ့ဈေးနဲ့ နောက်လကစပြီး၊ တောင်သူတွေဆီက စပါး ဝယ်ယူမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ဆန်ဈေးမြင့်တက်မယ်လို့ အချို့က ခန့်မှန်းနေကြသလို အချို့ကလည်း ဆန်အမြောက် အမြားရောင်းချမှု တွေရှိလာလို့ ဈေးကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လိုပင် ဆိုစေကာမူ စိုက်ပျိုးရေးထုတ်ကုန် အပေါ် ယခုလို ထောက်ပံ့မှုတွေပေးခြင်းဟာ ကုန်စည် ဈေးကွက်ကို ဘယ်လောက်ထိရိုက်ခတ်မယ်ဆိုတာကိုတော့ စောင့် ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံက တောင်သူတွေအတွက် ထောက်ပံ့ဈေးနှုန်း ကို ထပ်မံပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ယခင်အစိုးရ က ဈေးကွက်ပေါက်ဈေးဟာ ကြမ်းခင်းဈေးထက် လျော့နေတဲ့ အခါ တောင်သူတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာ အာဏာရရှိခဲ့တဲ့ ဝန်ကြီးချုပ် ရင်လတ်ရှင်နာ ဝပ်ဟာ ကျေးလက်ဒေသကို အထောက်အပံ့ပြုဖို့ တောင်သူ များရဲ့ ဝင်ငွေမြှင့်တင်နိုင်ရေး တတ်နိုင်သမျှ ဈေးနဲ့ တောင်သူ တွေဆီက ဆန်ဝယ်ယူမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လမှာ စပါးတစ်တန် ကန်ဒေါ်လာ ၂၇၁ ရှိချိန်မှာ ကန်ဒေါ်လာ၅၀၀ နဲ့ ဝယ်ယူဖို့ သတ်မှတ် ခဲ့တဲ့အတွက် တစ်နှစ်ကို တန်ချိန် ၁၀ သန်းဝန်းကျင်တင်ပို့တဲ့ ဆန်တင်ပို့သူထက် အစိုးရအေဂျင်စီတွေကို ပိုမိုရောင်းချအောင် ဆွဲဆောင် သလိုဖြစ်ခဲ့ပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန့ှီဗက ၂၀၁၂ ခုနှစ်မှာ ထိုင်းဆန် တင်ပို့မှုက ၂၀ ရာခိုင်နှုန်း ကျဆင်းလာနိုင်တဲ့အတွက် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင် ပို့တဲ့ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုကို ပိုမိုအားပေး သလို ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့ မူဝါဒက ပိုမိုယှဉ်ပြိုင်တင်ပို့လိုတဲ့ ဆန်တင်ပို့ သူတွေအတွက်တော့ အကောင်းဆုံး အခြေအနေ မဟုတ်ဘူး လို့ FCCT မှ အမှုဆောင်အရာရှိ Vichai Sriprasert က စက်တင် ဘာလ ၂၂ ရက်မှာ ပြောကြား ပါတယ်။ စပါးတစ် တန် ဒေါ်လာ ၅၀၀ ဈေးနဲ့ဆိုရင် ပြည်ပဝယ်လက်တွေ အတွက် FOB ဈေးတစ်တန် ကန်ဒေါ်လာ ၈၃၀ ရှိလာမှာ ဖြစ်လို့ လက်ရှိဈေး ကန်ဒေါ်လာ ၆၂၉ အထက်မှာရှိတဲ့ အတွက် ကမ္ဘာ့ဈေးကွက်အပြင်ကို ရောက်ရှိလာမယ် လို့ လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်၊ ဧပြီလမှာ ရေနံဈေးနှုန်းဆောင့်တက်ခဲ့လို့ ဆန် တင်သွင်းနိုင်ငံများအတွက် ဆန်တစ်တန် ကန်ဒေါ်လာ ၁၀၀၀ ကျော်အထိ ဈေးနဲ့ဝယ်ယူခဲ့ကြရပါတယ်။ ဒါကြောင့် လည်း အိန္ဒိယလိုတင်ပို့နိုင်ငံငွေက ဆန်တင်ပို့မှုတွေ ပိတ်ပင်ခဲ့ပါတယ်။ လက်ရှိအခြေအနေကတော့ မနှစ်ကဈေးထက် နိမ့် ကျမှုမရှိတာ အသေအချာ ဖြစ်ပါတယ်။ တောင်သူတွေဟာ ဝင်ငွေနည်းပါးမှုကြောင့် သွင်းအားစု ကုန်ကျစရိတ်အတွက်အခက်အခဲ ဖြစ်နေလို့အစိုးရရဲ့အထောက် အပံ့လိုအပ်ပါတယ်လို့ ဆန်စက်ပိုင်ရှင် Chanchai Rakthananon က ပြောကြားပါတယ်။ စီးပွားရေးပညာရှင် Ammer Siamwalla ပြောကြားတာတော့ လွန်ခဲ့တဲ့ ဆန် အာမခံအစီအစဉ်က ကန်ဒေါ်လာ ၆၂၈ သန်းကုန်ကျခဲ့ပြီး အဲဒီ့ပမာဏရဲ့ ၃၇ ရာခိုင်နှုန်းသာ တောင်သူတွေ လက်ထဲ ရောက်ရှိတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ စတင်ရိတ်သိမ်းမယ့်ကာလမှာ ထိုင်းဆန် မူဝါဒ စတင်ခြင်းဟာ ဆန်စာချုပ်များအတွက် ဈေးကွက် ပျက်စေဖို့ဖြစ်စေတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဆန်လက်ကျန် ဟာ ၆ နှစ်အတွက်အမြင့်ဆုံးဖြစ်ပြီး၊ ၂၀၁၁-၁၂ မှာလည်း ထွက်ရှိမှု ပိုမိုမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆန်သိုလှောင်လက်ကျန်များနေတဲ့အပြင် အစိုးရရဲ့ အစီအစဉ်အရ သိုလှောင်ရုံတွေမှာ ထပ်မံဖြည့်ဆည်းမှာဖြစ်ပြီး ကမ္ဘာ့ဆန်ဈေးကျဆင်းဖို့ လက်ကျန်များ ထုတ်မရောင်းမီမှာ တော့ ဆန်ဈေးကြီးမြင့်မှုရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လမင်း၊Source: riceonline
