ထိုင်းအစိုးရသစ်က အင်ဒိုနီးရှားသို့ ဆန်တင်ပို့ရောင်းချရန် သဘောတူညီထားခဲ့မှုအား ပယ်ဖျက်လိုက်

ထိုင်းအစိုးရသစ်က အင်ဒိုနီးရှားသို့ ဆန်တင်ပို့ရောင်းချရန် သဘောတူညီထားခဲ့မှုအား ပယ်ဖျက်လိုက်             လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ယခင်ထိုင်းဝန်ကြီးချုပ် အဗီဆစ်လက်ထက်က အင်ဒိုနီးရှားကို ဆန်တင်ပို့ရောင်းချဖို့ သဘောတူညီထားခဲ့မှုကို ပယ်ဖျက်လိုက်ကြောင်းနဲ့ ပယ်ဖျက်ရတဲ့ အဓိက အကြောင်းရင်းမှာ ယခင်စာချုပ်ဈေးနှုန်းနဲ့ ရောင်းချနိုင်မှုမရှိလို့ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ အစိုးရအချင်းချင်း စာချုပ်ချုပ်ဆိုမှုတွေကို ကြီးကြပ်စစ်ဆေးတဲ့ ထိုင်းပြည်ပကုန်သွယ်ရေးဌာနမှTikamporn Nardworatat  က အင်ဒိုနီးရှားကို ဆန်တန်ချိန် ၃၀၀၀၀၀ တင်ပို့ဖို့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပေမဲ့လည်း ခိုင်မာတဲ့ အရောင်းအဝယ်မဟုတ်ကြောင်း၊(MOU)  ဆိုတာက တရားဝင် ချုပ်ဆိုချည်နှောင်ထားတဲ့ အရောင်းအဝယ် မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။၎င်း (MOU)ကိုဝန်ကြီးချုပ် အဗီဆစ်လက်ထက်မှာ ပြည်သူပိုင် သိုလှောင်ရုံအသင်း (Public Warehouse Organization _PWO)  မှ လက်မှတ်ရေးထိုးချုပ်ဆိုထားရာ အစိုးရ အဖွဲ့ကသော်လည်းကောင်း ၊ ယခင်စီးပွား ကူးသန်းဝန်ကြီး Porntiva Nakasai  ကသော်လည်းကောင်း လက်မှတ်ရေးထိုးမထားကြောင်း ၊(MOU) ကို လက်မှတ်ရေးထိုးထားခဲ့တဲ့ PWO  ဥက္ကဌကလည်း အစိုးရသစ် အပြောင်းအလဲကြောင့် ယခုလအစောပိုင်းကတည်းကပဲ နုတ်ထွက် သွားပြီဖြစ်ကြောင်း လက်ရှိထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Kittiratt Na-Ranong က ပြောကြားခဲ့ ပါတယ်။ ထိုင်း PWO နဲ့ အင်ဒိုနီးရှား Bulog  တို့ သဘောတူလက်မှတ်ရေးထိုးထားတဲ့(MOU)  အရ ဆန်ဖြူ ၁၅ ရာခိုင်နှုန်းကို တစ်တန်ကို ကန်ဒေါ်လာ ၅၆၀ နဲ့ရောင်းချထားကြောင်း၊ လက်ရှိဈေးကွက်ပေါက်ဈေးမှာ တစ်တန်ကို ၅၉၀-၆၀၀ ဒေါ်လာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပပ၊ Source:Bangkokpost.com