The NEXTEC ကုမ္ပဏီမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား မိတ်ဆက်ပွဲကျင်းပ

The NEXTEC ကုမ္ပဏီမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား မိတ်ဆက်ပွဲကျင်းပ                     The Nextec ကုမ္ပဏီမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲနှင့် မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့က ဆာကူရာတာဝါတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် The Nextec ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဦးက ကုန်ပစ္စည်းများ တင်သွင်းရသည့်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဆိုပါကုန်ပစ္စည်းများကို မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်နှင့်အညီ တင်သွင်းရခြင်းဖြစ်ကြောင်း၊ ပုံမှန်သမားရိုးကျနည်းဖြင့် လုပ်ကိုင်နေ ခြင်းထက် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများဖြင့် အသုံးပြုခြင်းက ပိုမိုထိရောက်လျင်မြန်ပြီး ကုန်ပစ္စည်းများ၏အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ တင်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။                     The Nextec  ကုမ္ပဏီသည် Audley အမှတ်တံဆိပ် ဒစ်ဂျစ်တယ်ရွှေဖိစက်များ၊ အလင်းရောင်ဒဏ်ခံနိုင်မှုနှင့် ရေစိုဒဏ်ခံနိုင်မှုစွမ်းရည်မြင့်မားသော စားပွဲ တင် UV Coating (Laminating Machine) စက်များကို တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစက်များသည် ဂျပန်နိုင်ငံ၏ အရည်အသွေးအတိုင်း တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော ခေတ်မီစက်များဖြစ်ကြောင်း သိရှိရသည်။The Nextec ကုမ္ပဏီသည် ယခင်ကလည်း Name Card, Business Card များကို တိုက်ရိုက်လွယ်ကူစွာ ပုံနှိပ်နိုင်သည့် Evolis Printer များကိုလည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။ မယ်သီတာ