မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်
မတ်ပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၉၆၅၀၀ ၅၉၄၅၀၀၂ မုံရွာ ၁ ပိဿာ ၉၅၀ ၉၁၅၃ ပြည် ၁ ပိဿာ ၉၇၅ ၉၀၀၄ ဟင်္သာတ ၁ ပိဿာ ၉၃၅ ၉၁၅၅ မန္တလေး ၁ ပိဿာ ၈၈၃ ၈၆၇မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၉၀၀၀၀ ကျပ်နဲ့စတင်အဝယ်ရှိခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် အောက်တိုဘာ ၄ရက်မှာ ၅၉၆၀၀၀ ကျပ်သို့ဈေးမြင့်ခဲ့ပြီး အောက်တိုဘာ ၅ရက်မှာ ၆၀၇၀၀၀ ကျပ်အထိ ထပ်မံဈေးမြင့်ခဲ့ကာ အောက်တိုဘာ ၆ ရက်မှာတော့ ပြည်ပဝယ်လိုအားလျော့သွားတာကြောင့် ၆၀၁၀၀၀ ကျပ်သို့ပြန်လည် ဈေးဆင်းခဲ့ပါတယ်။အောက်တိုဘာ ၇ရက်မှာတော့ ၅၉၄၅၀၀ ကျပ် သာရှိတော့ကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့ တစ်ပတ်အတွင်း တန် ၅၉၈၀ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ရန်ကုန်ဝယ်လက်အချို့နဲ့ မြို့ခံပဲ ခွဲစက်များက ဝယ်အားအထိုက်အလျောက်ရှိခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို အနိမ့်ဆုံး ၈၃၃ ကျပ် (တစ်တန်ကို ၅၁၀၁၂၀ ကျပ်)မှ အမြင့်ဆုံးတစ်ပိဿာကို ၈၆၇ ကျပ်အတွင်း နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ကြားဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ မုံရွာ ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်အဝယ်ခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးကွက်စဖွင့် ချိန်မှာ တစ်ပိဿာကို ၉၁၀ ကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)နဲ့ အဝယ်ရှိရာမှ နောက်ပိုင်းရက်တွေမှာ ဝယ်အားများလာတာကြောင့် တစ်ပိဿာကို ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)အထိဈေး မြင့်လာပေမယ့် ၇-၁၀-၂၀၁၁ နေ့မှာတော့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျလာတာကို အကြောင်း ပြပြီး ဈေးချအဝယ်ရှိလာတာကြောင့်တစ်ပိဿာကို ၉၁၅ ကျပ် (တစ်တန်ကို ၅၆၀၃၃၆ ကျပ်) သို့ ဈေးဆင်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား ရှိခဲ့တယ်လို့ သိရပါတယ်
