ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ဆန်စပါးဈေးကွက်ထဲသို့ ကောက်စောစပါးဝင်လာပြီ
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) အုတ်တွင်းနဲ့ ဒိုက်ဦးမြို့ နယ်များမှာ ကောက်စောစပါး စောစောပေါ်လေ့ရှိပါတယ်။ သီတင်းကျွတ်လပြည့်ခါနီးမှာ မိုးပြတ်သွားတဲ့အတွက် ရင့်မှည့် နေတဲ့ ကောက်စောစပါးတွေကို စတင်ရိတ်သိမ်းခဲ့ပါပြီ။ လယ်သမားက တစ်နေသပ်၊ နှစ်နေသပ်လှန်းပြီး ဆန်စက်များသို့ လာရောက်ရောင်းချ လျက်ရှိပါတယ်။ ဆန်စက်များကလည်း စက်ကြိတ်နိုင်တဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း ရောက်အောင် မိမိအစီအစဉ်ဖြင့် နေလှန်းပြီးမှသာ ဆန်ကြိတ် ပြီး ဈေးကွက်ကိုပို့ပါတယ်။ ယခုရက်ပိုင်းတစ်နေ့လျှင် ဒိုက်ဦး မြို့နယ်မှာ တစ်နေသပ်ကောက်စောစပါးတင်း ၅၀၀၀ ခန့်၊ အုတ်တွင်းမြို့နယ်မှာ တစ်နေသပ်ကောက်စောစပါး တင်း ၃၀၀၀ ခန့် ရောင်းချလျက်ရှိပါတယ်။ ဈေးကွက်ထဲ အများဆုံး ရောက်ရှိလာတာကတော့ မနောသုခစပါးမျိုးဖြစ်ပြီး၊ တစ်နေ သပ် စပါးတင်း ၁၀၀ ကို ကျပ် နှစ်သိန်းရှစ်သောင်းပေါက်ပြီး ခြောက်လျှင် သုံးသိန်းကျပ်ရှိပါတယ်။ ဆန်အနေနဲ့ကတော့ တစ်အိတ် ၁၁၅၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ခန့်ရှိပြီး၊ ဆန်သစ် က ဆန်ဟောင်းလိုချက်လျှင် အိုးမတက်ပေမဲ့ ဆန်သစ်စားရ တာ လတ်ဆတ်လို့ အဆီအနှစ်ရှိပြီး အဆာခံတဲ့အတွက် ဆန်သစ်ကြိုက်တဲ့ စားသုံးသူများကလည်း ဝယ်ယူစားသုံးနေကြပါ တယ်။ စပါးဟောင်းလက်ကျန်ရှိတဲ့သူများကလည်း ဈေးကျမှာစိုးလို့ တွန်းပြီးရောင်းချင်နေကြသလို ဆန်ဟောင်းဈေး မှာလည်း အကျဘက်သို့သာ ဦးတည်နေတဲ့အတွက် စားသုံး သူများအနေနဲ့ကတော့ ဘဝင်တွေ့လျက်ရှိကြောင်း သတင်း ရရှိ ပါတယ။် TT - ပဲခူး
