ပါကစ္စတန်က ဂျပန်ကို ဂျပွန်နီကာဆန်ရောင်းချဖို့ ဆောင်ရွက်
ပါကစ္စတန် ဆန်တင်ပို့သူများအသင်းမှ လာမယ့် သီတင်းပတ်မှာ စာချုပ်ထားတဲ့ ဂျပန်ကုမ္ပဏီကို ပထမဆုံး ဂျပွန် နီကာဆန် နမူနာပေးပို့သွားမယ်လို့ အသင်းဥက္ကဌက ဆိုပါတယ်။ ဂျပွန်နီကာဆန်ဟာ လုံးပုဆန်ဖြစ်ပြီး၊ ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ ဆန်ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတစ်ခုက ဂျပန်နိုင်ငံမှာရောင်းချဖို့ ပါကစ္စတန်မှာ ကန်ထရိုက်စနစ်နဲ့ စိုက်ပျိုးခဲ့ခြင်းဖြစ်တယ်လို့ REAP ဥက္ကဌ Irfan Sheikh မှ ပြောကြားပါတယ်။ ပါကစ္စတန်မှာ ဂျပွန်နီကာစမ်းသပ်စိုက်ပျိုးမှု အောင်မြင် ခဲ့ပြီဖြစ်လို့ Y REAP အနေနဲ့ ဂျပန်ဆန်တင်သွင်းသူတွေ ထဲက အမှာအော်ဒါ ဆန်တန်ထောင်ပေါင်းများစွာ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားပါတယ်။ ဂျပန်ကုမ္ပဏီ DTS မှ REAP ကို ဂျပွန်နီကာစပါးမျိုးစေ့ ထောက်ပံ့ခဲ့ပြီး၊ ယခုနှစ် ဇူလိုင်လအတွင်းမှာ ပြည်တွင်းတောင်သူများကို မျိုး စေ့များ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဂျပွန်နီကာဆန်စိုက်ပျိုးမှုရလဒ်ကို စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းမှာ အကြောင်းပြန်နိုင်မယ် လို့ DTS ဥက္ကဌ Dr Hironao Takahashi ကို အသင်းမှ အာမခံ ပြောကြားထားကြောင်းလည်း Sheikh မှဆိုပါတယ်။ REAP ဟာ ဂျပွန်နီကာစပါးစိုက်ပျိုးတဲ့ တောင်သူများထံက သတင်း ကောင်းများရရှိခဲ့တယ်လို့ဆိုပါတယ်။ Takahashi ဦးဆောင်တဲ့ ဂျပန်လေ့လာရေး အဖွဲ့ဟာ အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်ထိ ပါကစ္စတန် ပြပွဲကိုလာရောက်မှာဖြစ်ပြီး၊ ပါကစ္စတန် ကုန်သွယ်ရေးဌာန အမှုဆောင်အရာရှိ Tariq Puri နဲ့တွေ့ဆုံပြီး၊ ဂျပန်ကို ဆန်တင်ပို့ဖို့နဲ့ ပါကစ္စတန်မှာ ဂျပွန်နီကာဆန်စိုက်ပျိုးမှု မူဘောင်တည်ဆောက်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ ပါ ကစ္စတန်မှာ စိုက်ပျိုးတဲ့ ဂျပွန်နီကာဆန်ကို ဂျပန်နိုင်ငံ ဓာတ်ခွဲ ခန်းမှာ စမ်းသပ်ဖို့ ပို့ရမှာဖြစ်ပြီး၊ အကယ်လို့ ဂျပန် အာဏာ ပိုင်များက လက်ခံအတည်ပြုရင် ပါကစ္စတန် ဆန်တင်ပို့သူများ ဟာ ပါကစ္စတန်နိုင်ငံအတွင်းမှာ စိုက်ပျိုးဖို့ စာချုပ်များ ရရှိမှာ ဖြစ်ပါတယ်။ လမင်း Source: riceonline
