အိမ်နီးချင်းနိုင်ငံများထံမှ ဈေးချိုချိုဖြင့် ဝယ်ယူလာသော စပါးများ ဟုတ်/မဟုတ် သိရန် DNA စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဟု ထိုင်းစီးပွားကူးသန်းဝန်ကြီး ပြောကြား

                ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၇ ရက်နေ့မှစပြီး လယ်သမားတွေဆီမှ စပါးကို ဈေးနှုန်းအမြင့်ပေးပြီး ဝယ်ယူမယ့် အစီ အစဉ်သစ်က လယ်သမားတွေရဲ့ ဝင်ငွေကို တိုးတက်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်တယ်။ အစီအစဉ်သစ် အရ မတရားမှုများ ၊ လိမ်လည်ခြင်းများ ကြုံတွေ့ရမှုမှ ကင်းဝေးစေဖို့ အစီအမံသစ်တွေ ဆောင်ရွက်ထားကြောင်း ၊ ၎င်းင်းတို့မှာ ဆန်စပါးပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ စာရွက်စာတမ်းများထုတ်ပေးခြင်း၊ ပြည်နယ်ဖြတ်ကျော် စပါးသယ်ယူ ပို့ ဆောင်မှုကို တင်းကျပ်စွာစစ်ဆေးခြင်း ၊ အိမ်နီးချင်းနိုင်ငံတွေထံမှ ဈေးချိုချိုနဲ့ ဝယ်ယူလာတဲ့ စပါးများ ဟုတ်/မဟုတ် သိဖို့ DNA စစ်ဆေးခြင်းတွေ ဆောင်ရွက်သွားမယ်လို့ ထိုင်းစီးပွား ကူးသန်းဝန်ကြီး Yanyong Phuangrach က ပြောကြားပါတယ်။ ပပ၊Source:Bangkokpost.com