ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးလို့ ဈေးကျ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်            ယခု      ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ တန်      ၄၅၅၀၀၀    ၄၂၃၀၀၀၂ မန္တလေး                ၁ ပိဿာ     ၆၅၀           ၆၃၃၃ မုံရွာ                     ၁ ပိဿာ     ၆၅၅           ၆၂၅၄ ပြည်                     ၁ ပိဿာ     ၆၅၀           ၆၂၅၅ ပခုက္ကူ                  ၁ ပိဿာ     ၆၇၀           ၆၃၀၆ မြင်းခြံ                   ၁ ပိဿာ     ၆၅၀           ၆၁၀၇ အောင်လံ              ၁ ပိဿာ     ၆၇၅           ၆၂၅၈ မကွေး                   ၁ ပိဿာ     ၆၆၅           ၆၁၅ပဲစင်းငုံနီကို အိတ်စပို့ အဆွဲအေးလို့ ဈေးကျ                  ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC)ကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၄၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၅၀၀၀ ကျပ်အတွင်း တန် ၁၈၄၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တက်ဈေးမှာ ရောင်းလက်များက အရောင်းများခဲ့ပေမယ့် အခုလိုဈေးကျနေတဲ့အခါမှာ ရောင်းလက်တွေ အရောင်းနည်းနေပြီး ငွေပြန်ပေါ်လိုသူများကသာ အရောင်းရှိခဲ့တယ်လို့ ပဲကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိနေတာကြောင့် တစ်ပိဿာ ကို ၆၃၃ ကျပ် (တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်များက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၃၀ ကျပ်(တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်း နေကြောင်း သိရပါတယ။် မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၁၅ ကျပ် (တစ်တန်ကို ၃၇၆၆၁၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာ အရောင်း အဝြယ်ဖစ် ကြောင်း  သိရပါတယ။် မုံရွာဈေးကွက်မှာ ပဲစင်း ငုံနီကို ရန်ကုန်အဆွဲအေးနေတာကြောင့် ဈေးကလည်း တစ်ရက်ထက် တစ်ရက် ကျဆင်းနေတယ်လို့ဆိုပါတယ်။ ဈေးကွက်မှာ ဒေသခံကုန် သည်အချင်းချင်း ကြိုက်ရောင်းကြိုက်ဝယ် အသ့င်အတင့်သာရှိခဲ့လို့ တစ်ပိဿာကို ၆၂၅ ကျပ်(တစ်တန်ကို ၃၈၂၇၄၃ ကျပ်) နဲ့ နေ့စဉ်  အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။